တကယ့်အဖြစ်အပျက်
ချစ်သူ…………
ဒီနေ့မှာ
ဘဝကြီးဆိုးကြောင်း
ငါမပြောချင်သလို
မနေ့ကအကြောင်းလဲ
မပြောချင်ပြန်
မနက်ဖြန်အကြောင်းတော့
ငါလဲမသိဘူး
တကယ်ဆို
မင်းရီဖို့အတွက်ပဲ
အရာအားလုံးကိုစတေးချင်ခဲ့တာ
ငါငိုခဲ့သေးလားလို့
ပြန်မမေးချင်ပါနဲ့
ဖြစ်သမျှအကြောင်းပေါ့ဆိုတဲ့
ပေါ့ပေါ့တန်တန်စကားလုံးဟာ
ငါ့ရင်ကိုနဲနဲလေးမှမတိုးဘူး
လုပ်သလိုမဖြစ်ရင်ဖြစ်သလိုလုပ်ဖို့
ငါသေချာနေတယ်
မတန်မရာဆိုတော့လဲ
တန်ရာတန်ရာဆိုတာကို
ဘာနဲ့တိုင်းတာကြသလဲ
ငါသိချင်ရုံသက်သက်ပါ
လမ်းကြုံရင်ပြောပြပေးပါ
အားတော့နာပါရဲ့
ဒီသမိုင်းက…………….
လှစေရုံသက်သက်မဟုတ်ခဲ့
အဖာအထေးများမယ်
ဇာတ်နာမယ်
ကြေကြေကွဲကွဲရှိမယ်
ဒါက တကယ့်အဖြစ်အပျက်။။။
အမရာ
Comment #2
So nice aamayar… Awesome !

Comment #3
bar tway hman ko ti dot bu kwar

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာလေးက ကောင်းလိုက်တာ..လို့ပြောရမလား..
အမရာရဲ့ idea လှလိုက်တာလို့ပြောရမလား