နှစ်မြှုပ်သွားသူ …….. ( မောင်ကောင်းကင် )
နေညိုချိန်ရောက်ပြီ ။
မျှော်လင့်နေတဲ့ လေပြိုကြားမှာ
သွားနေကျနေရာကို ခြေဦးလှည့်တယ်။
ဆိုင်ထဲမှာ ဖျော့တော့တော့ အခိုးအလျှံတွေနဲ့
ပဲကြီးလှော်နှစ်ပွဲ။
နီကျင်ကျင် အရည်ထဲကို
ရေခဲနှစ်တုံးထည့်
ဆာလောင်မွတ်သိပ်မှုနဲ့ရော
အတ္တနဲ့ ခလောက်။
နီကျင်ကျင် မျက်လုံးကိုအသုံးပြု
ပတ်ဝန်းကျင်ကို
ထီမထင်ဟန်နဲ့ တချက်ကြည့်
တစ်ကျိုက်တည်း ကောက်မော့။
ပူဆင်းသွားပြီးနောက်
တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန် စားသုံး
သူပဲ တစ်တိတစ်တိနဲ့ နစ်မြုပ်သွား။
သူ့မျက်နှာမှာ ……… နီရရီ …….
သူ့မျက်လုံးထဲ …….. အခိုးအငွေ့ …….
သူ့ရဲ့ရှေ့က ……….. ပုံရိပ်တွေဝေ့၀ါး …….
သူ့ရဲ့ရှေ့မှာ ………………………
သူ့ … ရဲ့ … ပတ်ဝန်းကျင် … မှာ … ………. ။
တစ်ကိုယ်ကောင်းဆန်ခြင်းကိုရရှိ စီးနှင်ပြီး
ခြေဦးတည်းရာပြန်ပြေးသွား …………….. ။
Comment #1
ရေချိန်ကိုက်သွား၏။