သိစေသောဝ်
ဘယ်ဘက်ရင်ဘက်က
တိုးထွက်လာတဲ့ နှလုံးခုန်သံ
အချစ် –အစပျိုးခြင်းလား
အဆွေး နိဒါန်းလား
အလွမ်း နိဂုံးလား
ငါ …ဘာဆို..ဘာမှမသိပဲ
နှလုံးသားရဲ့–စေခိုင်းရာ
ငါ..နာခံမိတယ်
..ပျော်ရွှင်ခြင်း..၀မ်းနည်းခြင်း
ရောယှက်
ချစ်ခြင်း..ကြင်နာခြင်း
ရောယှက်
ချစ်ခရီးလေး..စတင်ခြေဆန့်လို့
ကြည်နူးစရာ ဘ၀တခုကို
ပိုင်ဆိုင်ခဲ့တယ်….
ဒီလို..ဒီလိုတွေနဲ့
လမ်းခွဲဖို့ နေ၀င်ချိန် စောခဲ့တာလား
အတူနေဖို့ နေထွက်ချိန် နောက်ကျခဲ့တာလား
ဒဏ်ရာတွေကို ထွေးပိုက်ဖို့
လောကလူသားတယောက်ဖြစ်ခဲ့တာလား………
ဘာတွေ..ဘာတွေလဲ………
ထားခဲ့လို့ လူနေခဲ့ပေမဲ့
နှလုံးသားက ထပ်ကျပ်မကွာ
ရှိနေခဲ့တာ…
မင်းသိပါစေ………..
Comment #2
really nice.

Comment #4
ချစ်ခရီးလေး..စတင်ခြေဆန့်လို့
ကြည်နူးစရာ ဘ၀တခုကို
ပိုင်ဆိုင်ခဲ့တယ်….
ဒီလို..ဒီလိုတွေနဲ့

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ် စာသားတွေကြိုက်တယ်