မသိခြင်းများ….
နင်ငါ့ကို သိခဲ့တယ်ဆိုတာ
နင်ဘာမှ မသိခဲ့ခြင်းတွေပါပဲ.
ငါရဲ့ ချစ်ခြင်းတွေ
မျှော်လင့်ခြင်း
စောင့်စားခြင်း
နာကျင်ခြင်း
မုန်းတီးခြင်းတွေ….
နင်ဘာမှ မသိခဲ့ပါဘူး..။
ငါနင့်ကို သိခဲ့တယ်ဆိုတာ
ငါဘာမှ မသိခဲ့ခြင်းတွေပါပဲ..
နင့်အကြောင်း
ကစားကွက်တွေ
စိတ်နာခြင်း
ဥပက္ခာ
ရက်စက်ခြင်း…………
ငါဘာမှ မသိခဲ့ပါဘူး..။
နင်နဲ့ငါ သိခဲ့တယ်ဆိုတာ
ငါတို့ ၂ ယောက်ရဲ့ မသိခဲ့ခြင်းတွေပဲဖြစ်တယ်.
ချစ်ခြင်းတရား
နွေးထွေးမှု
နားလည်မှု
ကျောခိုင်းထွက်ခွာခဲ့မှု……………။
တစ်နေ့နေ့များ ပြန်ဆုံဖြစ်ရင်
မသိခဲ့မှုတွေနဲ့ပဲ ငါတို့ ပြုံးပြနှုတ်ဆက်ဖြစ်ကြဦးမယ်..။
Fotia ~!
8:35 PM
10.Feb2012
Comment #4
I don’t know anything.
I don’t know everything.
I m loising ways.
By: ei lay at Dec 22, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ma ti chin myar de,,,
mike de,,,
a yan kyike twar p,,
get lots of knowledges,