ခေါင်းစဉ်မရှိတဲ့စာ
ခံစားချက်တွေ ရောထွေးနေတဲ့
အကြည့်တစ်ခုကို အပိုင်သိမ်းပြီး
ပြည်တော်ဝင်ခဲ့တယ်
(သေချာတာက ငါ့ကို သပြေကမ်းမယ့်သူမရှိဘူး..)
နင်အကြည့်တွေမှာ…
နာကျဉ်းမှုတွေလား
လှောင်ရယ်မှုတွေလား
နှိမ့်ချခြင်းတွေလား.
ဝေခွဲမရခဲ့ဘူး..
မျက်ဝန်း ၂စုံ ခလုတ်တိုက်မိချိန်
ငါ့ရင်ထဲကို ရင်မြင်လိမ့်မယ်
ဒါပေမယ့်
နင့်ရင်ထဲကို ငါမသိခဲ့ဘူး..။
ငါ့စည်းငါချိုး
ငါ့ဥပဒေ ငါဖောက်
ခံစားချက်နောက် ဒူးထောက်လိုက်ချင်တာပေါ့..။
ငါ့ရပ်တည်မှုကို
( ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် )
ငါမုန်းတယ်..။
နင့်ကို တစ်ခါသတိရမိတိုင်း
ငါနှလုံးသားတစ်ခါသေဆုံးတယ်..
ရှင်သန်လို့လဲ မထူးတော့ပါဘူးလေ.။
“တစ်ဘဝစာ …
ခပ်ကြာကြာ ကြည့်ခွင့်ရခဲ့လိုက်ရုံလေးတင်ပါပဲ။
(သည့်ပြင် ဘာမှမပိုခဲ့ဘူး)” တဲ့..။
ကံကောင်းလိုက်လေခြင်းလို့ပဲ အော်လိုက်ချင်တယ်.
ငါ့အတွက်က
နှလုံးသားတစ်ခုလုံးစာ
ခဏတာ ကြည့်ခွင့်ရခဲ့ရုံတင်ပါကွယ်..
Fotia~!
31.1.2012
10:15 PM
Comment #3
ခေါင်းစဉ်မရှိဘူးဆိုပြီးဘာလို့ “ခေါင်းစဉ်မရှိတဲ့စာ” လို့ခေါင်းစဉ်တပ်ထားတာလဲ။
ဟဲဟဲနောက်တာပါ။
Comment #4
ကျွန်တော်..ဒီကဗျာလေးကိုတကယ်နှစ်သက်မိပါတယ်
Comment #5
aww,,hote,,,
so lo tar ka,,,,,,,,,
kha na tar sate hloke shar chin pop naw,,
Comment #7
နင့်ကို တစ်ခါသတိရမိတိုင်း
ငါနှလုံးသားတစ်ခါသေဆုံးတယ်..
ရှင်သန်လို့လဲ မထူးတော့ပါဘူးလေ.။
Comment #8
nint kyaunt ngar ba wa g bar phyit twar hman ko ma ti dot bu,,,
ngar e lout u ke mi de,
Comment #1
oh,,,,,,,,,
lots of love?
why u do like that?