သတိတော့ထား….သက်ထား……
တွေ့ရခဲ့တဲ့ မျက်ဝန်းတစ်စုံ
မမေ့ဖျောက်တဲ့ အကြင်နာတို့နဲ့
ပွေ့ဖက်မရတဲ့ ဘဝနှစ်ခု
ပေါင်းစပ်ဖို့မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်..
အချိန်မကျသေးသော်လည်း
ချစ်လွန်းလို့သာ နေရမှာ
ဖြစ်ချင်ချက်ချင်း
မဝေးချင်ဘူး..လက်ငင်း
အတိုးအရင်းစပ်မဲ့ သူပါ….
ချက်တီးလို မတရားလုပ်
ဖက်ဆစ်လို ကုတ်သွေးမဆုပ်
ဂျပန်လို ပါးရိုက်မတောင်းဘဲ
ပေးမဲ့သူပါ…သက်ထားရယ်…
အချစ်ရဲ့သက်သေ
နှလုံးသွေးစီးဆင်း
ပူးပြင်းနေတဲ့ မီးတောက်ထဲကိုလည်း
ဝင်တိုးရမှာ မကြောက်တဲ့
ပိုးတုံးလုံးကောင်ဆိုလည်း မမှားပါဘူး…
ဒါပေမဲ့
အချစ်တစ်ခု တည်ဆောက်ဖို့
နားလည်မှုကိုတော့ မစော်ကားမိစေနဲ့
အန္တရယ်ရှိတယ်နော်….
သတိတော့ထား….သက်ထား…
မပြောချင်ပေမဲ့ ပြောထွက်မိသောစကား…..
စိုး………….
Comment #2
ကောင်းတယ်ဗျ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
arr pay twar par d