မှားလိမ့်မယ်….
မလိုချင်ဘဲ
အတင်းပေးခဲ့တဲ့ အလွမ်းတစ်ခုနဲ့
အပိုဆုချခဲ့တဲ့ အမုန်းတစ်ခုတို့ပေါင်း၊နုတ်၊မြှောက်၊စား
ဘယ်လိုပဲလုပ်လုပ်
ပြန်မရတော့တဲ့ အတိတ်များကိုပဲ
လွမ်းဆွမ်း တမ်းတနေမိတော့တယ်..
အချစ်တွေကို ဆုပ်ယူ
အပြုံးတွေနဲ့လှည့်စား
အနမ်းတစ်ခုနဲ့အသုံးချတာ
ငါ ညံ့လို့ဖြစ်မှာပါ….
လွမ်းလွန်းလှတယ်တဲ့
ရီချင်စရာ ပျက်လုံးများ
ဘာကြောင့်များ
ငါလွမ်းဆွတ်နေတာလဲ
အဖြေမရှာမရတဲ့ ညများထဲ
လူးလိမ့်ကာ ညှိတွယ်ရတဲ့
အရက်ပုလင်း၊တစ်ချက်မငြီးပဲ
ချစ်နေမိတာ အပြစ်လို့ထင်လို့လားကွာ…
မလိုချင်ရင်လည်း ထားခဲ့ပါ
မတားပါဘူး၊
အမုန်းနဲ့အလွမ်းဆိုတဲ့
လှောင်ကြီးထဲတော့ မထည့်သွားပါနဲ့
နှလုံးသားက နုလွန်းတယ်….
ချစ်တယ်ဆိုတာကို
ဟာသလို့ မင်းထင်သလား
မင်းမှားလိမ့်မယ်…..
သူငယ်ချင်း တစ်ယောက်ရဲ့ခံစားချက်လေး
စိုး………….
Comment #2
မလိုချင်ရင်လည်း ထားခဲ့ပါ
မတားပါဘူး၊
အမုန်းနဲ့အလွမ်းဆိုတဲ့
လှောင်ကြီးထဲတော့ မထည့်သွားပါနဲ့
နှလုံးသားက နုလွန်းတယ်….
ချစ်တယ်ဆိုတာကို
ဟာသလို့ မင်းထင်သလား
မင်းမှားလိမ့်မယ်…..

Comment #1
hote pa,,
hman pa,,
kaung pa,,