” နွေ “
တစ်ချိန်က
ထိုတစ်ချိန်ကဆိုတဲ့ အတိတ်ကို
နောက်ပြန်လှည့်ဖို့ရာ
ဒဏ်ရာတွေနဲ့ခံနိုင်ရည်အင်အား
အဘရ်ဘုရားထံတောင်းခံရမည်နည်း ။
နွေတဲ့ရောက်လာပြန်ပြီ
ငါမခေါ်ဘဲနင်ရောက်လာခဲ့တာ
ဒီတစ်ခေါက်ဆိုရင်
သုံးနှစ်ပြည့်ပြီ ။
သုံးရာသီအလွမ်းထက်စာရင်
သုံးနှစ်သုံးမိုးနာကျင်ခဲ့ရတဲ့
ငါ့ရင်တွင်းဒဏ်ရာ
ပျောက်လုနေပြီ ။
အမာရွတ်ဆိုတာ
ထင်ကျန်တတ်တဲ့အမျိုးဆိုရင်
ငါ့ရင်ဘတ်နန်းတော်မှာ
ကဗျည်းတင်
နာမည်ပြောင်းထားတယ်
” အမာရွတ် နန်းတော် “
ဟားတိုက်လို့ရီမောလိုက်ချင်တယ် ။
” နွေ”
ငါမလွမ်းဘူး
ငါသတိမရဘူး၊ငါမငိုဘူး
အရင်လို
ငါတစ်ယောက်တည်းမဟုတ်ဘူး
” နွေ”
သွားစမ်းပါကွာ
မင်းရဲ့မျက်ဝန်းတွေရုတ်သိမ်းလိုက်စမ်းပါ ။
သနားစရာကောင်းတဲ့
ကောင်တစ်ကောင်လိုငါ့ကိုလာမကြည့်နဲ့
ငါ့ဘ၀ငါနေတတ်သွားပြီ
မင်းထားခဲ့တဲ့နေ့ကစလို့
ရင့်ကျက်တယ်ဆိုတဲ့ ခံစားချက်တွေနဲ့
ငါထိန်းမတ်နိုင်ခဲ့ပြီ
သင်ခန်းစာဆိုတာ ယူတတ်မှရတာပါ ။
ငါ့ဘ၀သင်ခန်းစာတွေထဲမှာ
” နွေ” ဆိုတဲ့
ခါးသီးခြင်းတွေကို
ဖုန်မတက်အောင်ငါဂဂုစိုက်မယ် ။
သတိတရ နာကျင်ချိန်တိုင်း
ငါထုတ်ကြည့်မယ် ။
နာကျင်တတ်အောင်လို့ပေါ့ ။
မာန်ခက်ဝင့်
၂၇ .၂ .၂၀၁၂ (၁း၃၅ )နေ့လည်
Comment #4
” နွေ” ဆိုတဲ့
ခါးသီးခြင်းတွေကို
ဖုန်မတက်အောင်ငါဂဂုစိုက်မယ် ။
သတိတရ နာကျင်ချိန်တိုင်း
ငါထုတ်ကြည့်မယ် ။
နာကျင်တတ်အောင်လို့ပေါ့ ။
Comment #5
နေတတ်ရင်ကျေနပ်စရာပါဗျာ …. အားပေးနေပါတယ်
Comment #1
tay char tar 1 khu pyaw pya me,,
shin thu ko be lo hma nar kyee loh ya hmar ma hote bu,,
khar te chin tway ko pe ywe p tane htar par say ong,,,po p yint kyat lar de pop,,
be lo hma mae loh ya hmar dot ma hote bu,,
koh kou ko nar kyin aung loak nay ta lo pe phyit nay hmar,,
e dar a chit sit pe,,