The End
ရိုးသားစွာ ချစ်ခဲ့ပေမယ့်
လွဲမှားစွာ လမ်းခွဲခဲ့ကြတယ် ။
ဆန်းပြားစွာ ချစ်ခဲ့ပေမယ့်
ဆူးခါးစွာ မုန်းခဲ့ကြတယ် ။
ထူးဆန်းစွာ ချစ်ခဲ့ပေမယ့်
ထူးခြားစွာ အငြင်းပွားခဲ့ကြတယ် ။
ရူးမိုက်စွာ ရှင်းပြနေပေမယ့်
စူးစိုက်ကာ နားမထောင်ခဲ့ဘူး
ပြသနာက ၀ိုးတ၀ါးဆိုပေမယ့်
ဖြေရှင်းရတာ ခါးသတ်စရာပဲ
ကြိုးစားကာ ရှင်းပြပေမယ့်
ဆိုးရွားစွာ ပင် အဖြေ ပေါ်မလာနိုင်ခဲ့ဘူး
တဒင်္ဂလေးအတွင်း သူပြောထွက်ခဲ့တယ်
“ထာဝရနှုတ်ဆက်ပါတယ် ” တဲ့ ၊ ။
Comment #2
mike de,,
writing style & talkie,,
short & clear,,
simple & open-minded
By: ei lay at Feb 27, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ရွေးပိုင်ခွင့်ရှိရင် နှုတ်မဆက်ချင်ဘူး