ချစ်ရပါသော…. (မိုးဇက်)
ပီတီတီ အပြုံးဝေေ၀
မထီတထီ စကားလုံးတွေကြောင့်
ဒီကောင် ရင်တွေ ကွဲကြေတော့မည်
ချစ်ရပါသော မမရတီ…..
ရင်နှင့်အမျှ ချစ်ရပါသည်……..
ဆုံးရှုံးရမှာလည်း ကြောက်မိပါသည်….
စွန့်လွှတ်ရမှာလည်း စိုးမိပါသည် ………..
ချစ်ရပါသော….မမရတီ။
ဤမှန်ကန်ခြင်းသစ္စာ
မြတ်နိုးခြင်းမေတ္တာများအား
ဘုရားမှာ နှင်းအပ်
သစ္စာပြုအပ်ပါသည်…..
(အသဲ အသက် နှင်းအပ်
အကျွန်ုပ် ပြုအပ်ပါသည်၊)
ချစ်ရပါသော မမ ရတီ…….။
(ကဗျာမရေးတော့သော (သို့) ကလောင်ပြောင်းသွားသော ညီလေးတစ်ယောက်အတွက်အမှတ်တရ)
Comment #2
အဲဒီ နမည်ပါလာတော့..တော်2ဆိုးတာပဲ ကိုမိုးဇက်ရ…ဟဲဟဲ…
ကဗျာကတော့..ချစ်စရာလေးဗျ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
a yan yin khoe phoe kaung de poem lay par