အတိမ်းအစောင်းမခံတဲ့ ဒီလောက…
ဖြည်းဖြည်းတိုက်တဲ့
လေညှင်းကြောင့်တောင်…
ရွက်ကြွေတွေ တဖြုတ်ဖြုတ်…
လူ့စိတ်ဆိုတာ…
သစ်ရွက်လောက်တောင်
မခိုင်ခံ့ဘူးလား……
ကြွေရုပ်တစ်ရုပ် ပိုက်ထားရသလို…
အတိမ်းအစောင်းမခံတဲ့ဘ၀…
ကိုယ်တိုင်မသိတဲ့
အမှားတစ်ခုမှာ….
အကြိမ်ကြိမ် ကျကွဲခဲ့ရတဲ့ အတ္တတွေ….
တခါတခါမှာတော့….
နှလုံးသားကို..
သံမဏိနဲ့ ထွင်းထုထားချင်မိတယ်…
လေဒဏ်..မိုးဒဏ်..ထက်ဆိုးတဲ့
လောကဓံကို ကြိတ်မှိတ်ခံရင်း
မကြာမကြာ ညဉ်းတွားမိတယ်….
အတိမ်းအစောင်းမခံတဲ့ လောကကြီး…
ဆတ်ဆတ်အထိမခံတဲ့ လူတွေကြားမှာ
ကျုပ်ကလဲ နာကျင်တတ်တဲ့ လူတစ်ယောက်ပါ…လို့…………….
Comment #2
ei lay le khan sar arr pay twar par d

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကြွေရုပ်တစ်ရုပ် ပိုက်ထားရသလို…
အတိမ်းအစောင်းမခံတဲ့ဘ၀…
ကိုယ်တိုင်မသိတဲ့
အမှားတစ်ခုမှာ….
အကြိမ်ကြိမ် ကျကွဲခဲ့ရတဲ့ အတ္တတွေ….
တခါတခါမှာတော့….
နှလုံးသားကို..
သံမဏိနဲ့ ထွင်းထုထားချင်မိတယ်…
လွမ်းနောင်…လည်းမကောင်းဝူး..မမိုး..ခံစားရအောင်လုပ်တယ်