မေးခွင့်ရချင်သေးတယ်…
အပေါ်ယံ အကြည့်တွေနဲ့
မုန်းသွားရက်တာလား အမိရယ်
ဟုတ်မှာပါလေ
အချစ်ဆိုတဲ့အရာဟာ
မင်းအတွက် ဆူးဖြစ်နေရင်လည်း
နှုတ်သင့်ပါတယ်…
မေးလ်တစ်စောင်
ဖုန်းတစ် call နဲ့
ပျော်ရွင်နေရတဲ့ ဘဝကို
နားလည်နိုင်ရဲ့လား…သက်ထား..
မေးလိုက်ချင်ဘိ…
ဘောပင်တစ်ချောင်း
စာတစ်ရွက်နဲ့
ကဗျာမဖြစ်ပါဘူး အမိ
နှလုံးသားကိုရင်း
အတိုးအရင်းနဲ့အလွမ်းတွေကို ပွေ့ဖက်
အမုန်းဆိုတဲ့ စာရွက်ပေါ်မှာ
အချစ်ရဲ့သက်သေအဖြစ်
ကဗျာရေးထိုးခဲ့ပါပြီ….
မင်းဖတ်ဖို့
မင်းကြည်နှုးဖို့
နှလုံးသွေးကို ဖောက်ထုတ်
မျက်စီကို အံကြိတ်မှိတ်တောင်
မျက်ရည်ဆိုတာက ထွက်ကျလာဆဲပါ…
အိမ်မက်ရှည်ခရီး
ဘယ်တော့မှ ဆုံးပါမလဲ
တွေးရင်းစိတ်ထဲ
အဖြေမရှိတဲ့
မင်းနှလုံးသားကိုပဲ
မေးချင်နေမိတယ်…သက်ထားရယ်……
တစ်စိတ်တဒေသနဲ့အချစ်အတွက် ပေးဆပ်သူများအတွက်ပါ…
စိုး……….
Comment #2
it is so funny a bit
By: cynthia at Feb 29, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ta sate ta day ta ma hote be,,ba wa ta khu lone a chit a twat pay set thu myar a kyaung yae pay par shin,,