သုံည
ကျွန်တော်……..
ချစ်ခဲ့မိဖူးတယ် ။
သူ… လာရာလမ်း
မျှော်ကာမှန်းလို့
စောင့်စားခဲ့ဖူးတယ် ။
တစ်ခါတစ်ခါ ဆုံတဲ့
သူ့ အကြည့်တွေကြောင့်
ရင်ခုန်ခဲ့မိဖူးတယ် ။
မကြာမကြာ မြင်ရတဲ့
သူ့ အပြုံးတွေကြောင့်
ပျော်ရွှင်ခဲ့ရဖူးတယ် ။
တေးသွားစာသား
ချပြီး ရေးလို့
ကြိုးကြာရုပ်ခေါက်
သူမသိအောင်
သူ့ကို ပေးခဲ့ဖူးတယ် ။
အင်း……………….
သူ့ကို ချစ်ခဲ့မိဖူးပေမယ့်
ရလဒ်ကတော့……
သုံညတစ်လုံးပေါ့ဗျာ
ဒါပေမယ့်………
ကျွန်တော် ကျေနပ်ပျော်ရွှင်မိတယ် ။
Comment #2
tan phoe shi de tone nya lay par..

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာလေးက ရိုးရိုးလေးနဲ့ ကောင်းပါတယ် … သုံည ဆိုလို့ ပိုပြီး စိတ်ဝင်စားသွားတယ် … အားပေးသွားပါတယ် …
ကိုဇီးရိုး