မော်ဒန် ကိုလိုနီ
အာရုံထဲ အရောက်လာတဲ့ မင်း
အပြေးလေး လိုက်ကြည့်တော့
ဟား…
နဘေးနားရောက်လာ လူရိပ်
ဝမ်းသာအားရ ပြုံးပြလိုက်ရ
တောက်…အိပ်မက်…။ ။
နားစည်ကကြား သာယာသံ
မင်းရဲ့အသံလား ထင်မှားမိ
မဟုတ်ဘူး….ဟွန်းတီးသံ…။ ။
မျက်စိအောက် မင်းမျက်နှာ
ပျော်ရွှင်စွာ ဖက်နမ်းမိ
သေဟ… မိန်းမရှာကြီး…။ ။
ငါဘာ ဖြစ်နေပါလိမ့် ? ။ ။ ။
” တကယ်တော့
ငါ့ဘ၀ရဲ့ အချိန်တွေ၊ အာရုံတွေကို
မင်းလာ စိုးမိုးနေ ပြီ/တယ်……” ။ ။ ။ ။ ။
ပိုက်ကွန်
27th June, 2009.(SAT – 1:00AM)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
kwi,,kwi,,
rofl,,,
really nice,,funny,,lovely poem