ဗျာဒိတ်
ကြယ်တွေကြွေတဲ့မြစ်ထဲ
ငါ့ကို အကြိမ်ကြိမ်ခုန်ဆင်းခိုင်းရင်တောင်
တောက်ပြောင်မှုတခုတလေ တောင် ပါလာမှာမဟုတ်ဘူး။
ဒီလိုပဲ ငါ့မျက်ဝန်းထောင်ချောက်တွေမှာ
အကြိမ်ကြိမ်ပြန်မိ
မနက်တိုင်း သံခြေကျင်းတွေလို စိတ်လေးလံမှုနဲ့ မျက်နှာသစ်
ဟိုးးအဝေးမှာ အရိပ်သဲ့သဲ့လေးမြင်နေရင်တောင်
မ လို့ ထင်မှတ်နေတဲ့ ငါ
မနက်ဖြန်ဟာ ကြိုးမိန့်ကျထားတဲ့အကျဉ်းသားပဲ
ဒိုင်ယာရီ နဲ့ ငါ့ အတွေးတွေထဲ
လွတ်လပ်စွာ ခုန်ကူးနေတဲ့ မ
အိပ်မက် အဖျားလေးအဖြစ်
မ ရဲ့နာမည်တောင်မသိခဲ့ရဘူး။
တကယ်တော့ ငါဟာ ဇာတ်လမ်းအဆုံးက စ ခဲ့တော့…..
Comment #3
လူတစ်ယောက်ကို ချစ်မိသွားရင် အလိုလို အကျဉ်းသား ဖြစ်သွားသလား။ သတ်မိန့်မပေးပေမဲ့ သေဒဏ်ကျ အကျဉ်းသား ဖြစ်နေသလား။
Comment #4
htet p arr pay twar par d,
Comment #6
he,,he,,hote,,
ei lay ka poem phat like p so tar ne comment 1 khu dot pay de,,
tate ma kyike yin dot arr pay twar par d pop,,,he,,he,,
dar hma poem yae de thu le arr shi hmar pop,,
wai phan dar dot khan naing ya me naw,,,he,,he,,
poem yae de thu tway ko a yan lae sar de,,,daw lun loh,
ei lay ka bar hma yae tat bu,,(nga tone)
Comment #8
he,,he,,
hote,,kyay zu par,
tay char par de ei lay poem yae phyit me ma htin par bu,
Comment #1
harrrrrrrrrrrrr
koh chit ya de thu ye name ko taung ma ti bu,,
tay like par dot kwar,,