နေကောင်းလား..စားပြီးပြီလား…အဆင်ပြေလား…
နေကောင်းလား…စားပြီးပြီလား…အဆင်ပြေလား စကားလုံးတွေလား.. စာလုံးတွေလား အလိုလိုထွက်ကျလာတယ်ထင်သလား အာဂုံဆောင်ဖို့ သင်ဖူးခဲ့သလား
လေးလေးစားစားရွတ်ဖို့ ကြံစည်ဖူးသေးလား
တွဲဖက်လုပ်ကြည့်ရမှာ အပြုံးချိုချိုလေးလား
ယဉ်ယဉ်ကျေးကျေး ဆွဲထုတ်ရမှာလား
သွားမတိုက်ရသေးခင် ပါးစပ်ကျယ်ကျယ်ဟလို့ ဖြစ်ပါ့မလား
နှုတ်ခမ်းမွှေးကြီးနဲ့ရော အဆင်ပြေပါ့မလား
ဒီလိုလား…ဒီလိုလား…
ဒါဆိုရပြီလား…တကယ်လား.. ။ ။
( ကျွန်တော်မုန်းသော ကျွန်တော်အတွက်..)
Comment #4
If u r in my heart,,everything is ok.
If u r in my mind,nothing is impossible.
By: ei lay at Jan 9, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
bar tway hman dot ma ti bu,,
title ko dot sate win sar par de.