ကျေနပ်လား..
နှလုံးသားကို အစိတ်စိတ်အမြွာမြွာခွဲ
အဖက်ဆယ်မရအောင် ရေထဲမျှော်ခဲ့ပြီးမှ
မှားပါတယ်တဲ့…ပြောထွက်ရက်တယ်
မင်းကျေနပ်ဖို့အတွက်
အရာအရာဟာ အသင့်ပါ
လိုရာတောင်း မဖြစ်နိုင်တာမရှိ
ပူပြင်းတဲ့ နေမင်းကြီးအောက်ရဲ့ဘဝဆိုပေမဲ့
မင်းရှိရင်တော့ တော်ပါပြီကွာ…
ခိုင်မြဲစွာ ချစ်ခဲ့ကြပြီးမှ
နှလုံးသားကို ဆားနဲ့လူး
မီးကင်ခံရတာ
ယုံတောင်မယုံနိုင်ပါဘူး…………
မင်းဖတ်ဖို့
ကာရံမဲ့တဲ့ဘဝတစ်ခုကို
အရောင်ခြယ်ကာ
ကဗျာလုပ် ဟာတာတာခေါင်းစဉ်တပ်ကာ
ခြောက်သွေ့နေတဲ့ သစ်ပင်လို
မလန်းဆန်းပဲ ဝေဝါးနေတယ်ဆိုတာ
မင်းသိရင် ကျေနပ်နေပါတယ်…အမိရယ်….
မင်းခွဲတဲ့ ဟိုဒီကရင်ထဲမှာ
ထားရှိခဲ့တဲ့ အနမ်းတချို့
ဆုံခဲ့ကြတဲ့ မျက်ဝန်းတွေ
လတ်ဆတ်နေတုန်းပဲဆိုတာ
မင်းသိပါတယ်…..
မင်းကိုယ်ငွေ့လေးတွေ
မင်းရဲ့ခြေသံလေးတွေ
မင်းရဲ့ ခေါ်သံလေးတွေကို
ပြန်ကြားယောင်ရင်း
အတိတ်ကိုပဲ လွမ်းဆွတ်နေမိတယ်…
သက်ထားရယ်….
ကျေနပ်ရဲ့လား……
ဘာလိုသေးလဲ
အကုန်လုံးသာ ယူသွားပါ
နောက်ဆုံးတစ်ခါလောက် ပြုံးပြလှည့်ပါ….
အသဲကွဲချစ်သူများအတွက်ပါ……
စိုး……………..
Comment #2
Ma EI Lay,
Please type in English. i can’t understand what you mean. Thanks a lot..
Comment #3
english lo tat bu.
ei lay ka 10 tan pe aung tar,,
he,,he,,
good,,,good,,good,,,loh pyaw dar.
Comment #6
r u satisfied?
r u pleased?
🙂
Comment #1
kyay nat lar?
ma kyay nat bu,,,
yin hte hmar daw daw hti twar loh,,
he,,he,,