”ကျနော့်ကို ပင်လယ်လို့ ခေါ်ပါ/ေ အာ်ေ ခါ် ပါ ”
ရူးမူးရိုင်းထန်တဲ့ လှိုင်း တချို့တလေ (ရှိကောင်း) ရှိမယ်။
အိမ်ယာမဲ့ စိတ်ကူးတွေ မီးခိုးလို ထ,ထ အူတတ်တာကလွဲလို့
အနာမကျက်သေးတဲ့ စီးဆင်းမှုပဲ .. ဟုတ်တယ်
အတိတ်ကို မေ့ဆေးပေးလိုက်ကြပြီဆို
ကောင်းကင်လိုလို မြေကြီးလိုလိုနဲ့ နောက်ဆုံးတော့လဲ ပင်လယ်လို့
ခေါ်ပါ / အော်ခေါ်ပါ / တမျှော်တခေါ် စိုးရိမ်ရေမှတ်နဲ့
အလွန်အကျွံသုံးစွဲမှုက သွေးထွက်သံယို
ကမ်းခြေမှာ ခြေရာတွေ မတွေ့ဘူး ဖိနပ်ပျောက်/ပျက်သွားတဲ့ ကြက်ခြေခတ်
အမှောင်ထဲ လင်းပြရ/အလင်းထဲ မှောင်ပြရ-ရွာလွန်-ရွက်တိုက်
ဝင်သက် .. ထွက်သက်နဲ့ ၊ ဗလာ အခိုးအငွေ့နဲ့ နတ္ထိ
တစ်စက်မကျန် သွန်မှောက်ပစ်လိုက်ရအောင်
ရေဘယ်လောက်ရောရော မူးနေတဲ့ ပင်လယ်လို့
ခေါ်ပါ .. အော်ခေါ်ပါ .. တမျှော်တခေါ် ..
ကျုပ်သွေးနဲ့ မှင်ဖျော်ရေးခဲ့မယ်
ခင်ဗျား အသံကျယ်ကျယ်ဖတ်ပါ
ရူးရူး၊ မရူးရူးပေါ့ .. ။
-မိုးခါး-
Comment #4
မာယာများတဲ့ပင်လယ် … လှိုင်းထန်တဲ့ပင်လယ် .. .အော် …ခေါ် ..ခဲ့ .. သည်

Comment #1
ကဗျာ ကောင်းတယ်…