အချစ်တု
ချစ်သူ………အလိမ္မာစကားနဲ့
နှစ်သိမ့်သွားတဲ့
မင်းကိုမမုန်းရက်
လွမ်းရက်တွေဆက်ခဲ့ပြီး
မင်းပြန်လာမယ့်နေ့ကို
စောင့်မျှော်နေပါတယ်…….
ချစ်သူ………အချစ်တုကို
အချစ်စစ်လို့ထင်
အကြင်အနာ
ယုယမှုအောက်မှာ
ယစ်မူုးမိတဲ့ကိုယ်ဟာ
အဲဒီအချိန်တုန်းကအပျော်ဆုံးပေါ့……..
ချစ်သူ……..ပေါ့ပျက်ပျက်နဲ့
မင်းပြောခဲ့တဲ့ချစ်စကား
ကိုယ့်ရဲ့နှလုံးသား
ကွဲကြေစေဖို့လား
သြော်……….
မမုန်းရက်ခဲ့ပါဘူးကွာ……..။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
oh,,,,,,,,,,,
really nice,,,
excellent creation