နင်မော့မကြည့်ဖြစ်တဲ့ ကောင်းကင်
နင်ငါ့ကို ထားသာထားပါ…
နင်ကြိုက်တဲ့နေရာမှာ ထားပါ…
နင်နဲ့မွေးဖွားတဲ့နေ့က..
ရင်ဘတ် ဒဏ်ရာအထပ်ထပ်တောင်
ခပ်ဆိတ်ဆိတ် ချစ်ချင်တဲ့ဒီကောင်
နင်မှားသလား…
ငါမှားသလား…
တစ်ကယ်ဆိုရင်…
ကမ္ဘာကြီး အစထဲက တိမ်းစောင်းနေတာ ၂၃ဒီဂရီ။
နင်နူတ်ဆက်ဖို့ အားယူနေသလား…
ငါမတားဘူး ကောင်မလေး
သံယောဇဉ်တစ်ခြမ်းကို ခပ်တင်းတင်းငါဆုပ်ရင်း
(နင့်အတွက်)….
ကံကောင်းခြင်းကြယ်စင် ငါရှာပေးတယ်
ဘယ်မလဲ နင့်ရဲ့လိပ်စာ။
ငါ့စိတ်တွေ လွင့်ပျံသွားတိုင်း
ရောက်ရောက်သွားခဲ့တဲ့ နင့်နံဘေး
ဘယ်ကမ်းကိုကပ်လဲ ငါမမေးဘူး
ပို့လွတ်ရုံသက်သက် ချစ်ခဲ့တဲ့ဒီကောင်
ငါ့ဘက်က ရွာချသမျှ
နင့်ဘက်မှာ မစိုခဲ့ရတော့
ငွေ့ရည်ဖွဲ့ တိမ်တိုက်ဘဝလို့
လူတွေပြောချင် ပြောပါစေပေါ့
ဒီတစ်ညထိ (နင့်အတွက်) မိုးအုံ့နေတယ်။
Comment #8
ကြိုက်တယ်ဗျိုးးးးး။ ကူးသွားပြီ
Comment #9
ကျေးဇူးတင်ပါတယ်ဗျာ။ ကဗျာမရေးဖြစ်တာကြာနေတာ ဒီကော်မန့်လေးတွေမြင်မှ ရေးချင်စိတ်ပြန်ဖြစ်လာတယ်။
Comment #10
we all r warmly welcome
Comment #12
Thank u fri 🙂
Comment #1
mike de,,
both title & poem.