ခရေ……သခင် (မအိ)
” ဆရာထက်တော်တဲ့ တပည့်များ
ပေါက်ဖွား…ထွန်းကား…ကျော်ကြားရမယ်”
သူလိုလားမျှော်လင့်
ဟောဟိုမှာတပွင့် တဖူး
ခူးရင်း…ကောက်ရင်း….
နှင်းတောထဲ ကျောက်မီးသွေးပို့။ ။
ဇရာချဉ်း ဆရာအို
သူ့စာ ပျိုမျစ်
သစ်..သစ်…နိုင်လွန်း
တောင်ကျွန်းဇမ္မူတစ်ခွင်
” မင်းသူဝဏ် ” တဲ့ ။ ။
” လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး…..”
နှင်းဆီဆူး…မခ
ခရေဦးပန်ပါရစေကြောင်း
ရေလောင်းပေါင်းသင်
ကဗျာဥယျဉ် မြေဆီနှိုး
ဆရာပျိုးတဲ့ ခရေပင်အောက်
တစ်ယောက်….
ပန်းကောက်…..
ပြီး….တစ်ယောက်…..။
ပန်းကောက်…..
နှင်းတောထဲလျှောက်
ကျောက်မီးသွေးပို့
ကျမတို့လေ……။
တကယ်တမ်းမှာတော့
ခရေပန်းဆိုတာ
နွမ်းသော်မှ မွှေးမြဆဲပါလား….ဆရာ ။ ။
တို့ ဆရာ….
ဇရာချဉ်းသော်လည်း……..။ ။
မအိ
Comment #2
” လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး…..”
Comment #3
phat shu arr pay twar par de
Comment #1
” မင်းသူဝဏ် ”
…..
တကယ်တမ်းမှာတော့
ခရေပန်းဆိုတာ
နွမ်းသော်မှ မွှေးမြဆဲပါလား… ဆရာ ။ ။
တို့ ဆရာ…
ဇရာချဉ်းသော်လည်း…