နံနက်ခင်းမရှိပဲ လင်းချင်တဲ့ ကောင်
ဟင့်အင်း . . . မဟုတ်ဘူး
အဲ့ဒါ . . . အလွမ်း မဟုတ်ဘူး
. . . ‘ စွပ် ‘ . . .
မထင်မှတ်တဲ့  ထောင့်က
ကျွန်တော့ ရင်ကြားကိုဝင်လာတဲ့ 
‘ ဓားတလက် ‘ . . .
မျှော်လင့်အသွား ထက်မြမြနဲ့ ပေါ့
တကယ်တော့ . . . ကိုယ့်ကိုယ်ကိုယ်ပြန်ထိုးတာ . . .
( နှလုံးသားထဲ . . .)
(တသက်လုံးစာ . . )
ခင်ဗျားတို့  ဘယ်နံကြားမှာ
ဓားရိုးတန်းလန်းနဲ့  လူမြင်ဖူးလား . . .
‘ သန်းခေါင်ထက်ညဉ့် မနက်တော့ပါဘူး ‘ လို့ ပြန်ကြား . . .
ညဉ့် ကတော့နက်သထက် ဆက်နက်လို့ သွားတယ်
သန်းခေါင်ပြီး . . . သန်းခေါင် . . .
. . . သန်းခေါင် . . .
. . . . . . သန်းခေါင် . . .
သန်းခေါင်တွေ အထပ်ထပ်နဲ့  . ..
ခုဖက်ထားတဲ့  Teddy Bear
( ဘာအဓိပ္ပါယ် ) ဘာအရောင်မှန်းမသိအောင်
နက် . . . မှောင် . . . မိုက် . . . ခဲ့တယ်။ ။
ခက်တာပဲ ပါးချိုင့်မလေးရေ . . .
ကျွန်တော်ဆိုတဲ့ ကောင်က
နှစ်ခြမ်းကွဲသွားတဲ့ အသည်း
မီးခတ်ပြီး လင်းချင်တဲ့ကောင်
(နံနက်ခင်းမရှိပဲ လင်းချင်တဲ့ကောင် . . .)
3rd Feb, 2012
ကိုဇင်
Comment #2
arr pay twar par d
Comment #1
……………………………