လူကိုခွဲခြမ်းစိတ်ဖြာသော်(မင်းလူန)
နောက်ဆုံး
အပိုင်ရတာဆိုလို့ 
အကုသိုလ်မနိုင်မနင်းတစ်ထုပ်
မွန်းကျပ်မှု့ ရထားတစ်စီးပေါ်မှာ
မောဟတစ်သိုက်နဲ့ 
ခရီးဆုံးထိလိုက်ရမယ်အထင်နဲ့ 
သေခြင်းကိုမေ့ နေမိတယ်
အနာ
ဒဏ်ရာ
အမာရွတ်
နှလုံးသားဟာအကြေးခွံအထပ်ထပ်နဲ့ အညီနံ့ တွေသင်းလို့ 
ဟုတ်ပါတယ်
ပြင်းတန်စွာသီကျူးငိုကြွေးနေရတဲ့ ဘ၀ပါ
ပူလောင်မှု့ ဆိုတာ
ခန္ဓာကိုယ်အနှံ့ အပြားမှာပေါက်ရောက်ကြီးထွားနေတာပါ
ဒါနဲ့ တောင်
အမှတ်မရှိပဲ
တစ်ယောက်ကိုတစ်ယောက်
ပစ်ခတ်တိုက်ခိုက်
ဇောအမျိုးမျိုးတိုက်နေရတာ
မောတယ်
မောတယ်
အခွင့် ရှိရင်နောက်ကိုပြန်လှည့် မယ်
(စိုးရွံ့ ထိတ်လန့် ရတဲ့ ပျော်ရွှင်မှု့ မလိုချင်ပါ)
ပိုင်ဆိုင်မှု့ 
ချစ်သူကလက်ညိုးထိုးပြီးခါချခဲ့ တဲ့ 
ငါ့ စာတွေ
ဝါကျင်တွန့် ကြေခဲ့ ရ
မှတ်မိရဲ့ လားအသင်လူသား
လူဘ၀ကိုရကတည်းက
ငိုကြွေးခြင်းနဲ့ လက်ပွန်းတတီး
ကြီးပြင်းလာရတော့ 
တစ်ကယ်ဆိုဒြပ်စင်တစ်ခုမှမပါတဲ့ 
နာမ်ရုပ်မှာ
ဘာကိုထုခွဲသန့် စင်ကြမလဲ
……………………………..မင်းလူန
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မောတယ် . . မော … တယ် …
ရုပ် ရော နာမ် ရော မော တယ်