တောင်းစာ
တောင်းစာ
မင်းကို ငါတွေ့ပြီ
မင်းကော ငါ့ကိုမြင်ရဲ့လား
အာ!….ဒီလိုကွာ
ငါ့ရင်ခုန်သံတွေကို ငါကြားနေပြီ
မင်းရင်ခုန်သံတွေကို မင်းကောကြားနေရောပေါ့
အမ်!…..ငါပြောချင်တာက
ရွှေမှန်ရင် ငရဲမီးမကြောက်သလို
ရင်ခုန်သံတွေကို အရိုးသားဆုံးဖွင့်ထုတ်
မှတ်ကြောက်တင်ရအောင်
အင်း!….ဘယ်လိုပြောရမလဲ
ကျုပ်၊….ကျုပ်သူမကိုချစ်တယ်
သူမလည်းကျုပ်လိုပဲထင်တယ်
ကျုပ်အမြင်တွေမမှားဘူးဆိုရင်ပေါ့
အဲ၊….အဲ့….အဲ့ဒီအကြောင်းကို
ကျုပ်က ဂန္တ၀င်ဆန်ကဗျာတစ်ပုဒ်ဖန်တီးချင်တာ
အဲ၊….အဲ့….အဲ့ဒါ ခင်ဗျားဆိုရင်ဘယ်လိုရေးမလဲ။ ။
နေ့သစ်…2.50am to 3.40am
2.3.12
Comment #3
ကိုနေ့သစ်- မေတ္တာဆိုတာအသွားအပြန်ရှိတယ်တဲ့…ကိုနေ့သစ်တွက်ဆုတောင်းပေးပါတယ်….
တခါမှတော့အဲ့ဒီအသွားအပြန်ကိုမရဘူးသေးဘူး..:P
By: May Kha at Mar 6, 2012
Comment #4
ကျုပ်ဆိုရင်တော့ ထိုအရာကို အချစ်ဟုခေါ်သည်လို့ရေးမိမယ် . . . 🙂
ကဗျာတွေဆက်ရေးပါအုံး ဆရာလေးးးးနေ့သစ်
By: ရွှေငါး at Mar 8, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ya p,,
e lout so yin kwat ti be,,
a po a lo ma shi bu,,
perfect,,
excellent