ခါးသက်သက်သီအိုရီ
လှိုက်စားနေတဲ့ အတွင်းစိတ်
ဥပက္ခာမပြုနိုင်သော ဒဏ်ရာနက်နက်များ
တရိရိပုတ်အဲ့လာတဲ့ ဦးနှောက်ပျက်
မှုန်ဝါး၇ီဝေလာသော မြင်ကွင်းတချို့
အကြားအာရုံက လက်မခံသော မုသားများ
အာရုံငါးပါးထဲက အပိုတပါးအာရုံပါလာသော
မမြင်မဆန်း ချစ်ခြင်းများ၊
နိုးတ၀က် အိပ်ပျက်ညအချို့နဲ့
မပီးပြတ်သော ပြဇာတ်တချို့ထဲက ဇာတ်ဝင်ခန်းများ
ဒီအရာတွေကိုလေလံပစ်ဖို့ ၊ ပင်လယ်ဆီဦးတည်ပေါ့
ဖက်တွယ်နေဆဲ ၀ါဒတချို့ကို ထည့်မပေးနိုင်ရင်း
လေးတင်ဖို့ စွမ်းအားအဖြစ် အသွင်တွေပြောင်း ရင်း
ကဗျာတစ္ဆေစီးနေတဲ့ ၊ ငါ့အသွေးအသားထဲ
ဖွင့်အံချလေသော ၊ သွေးကြောမျှင်မျှင်များ
ကိုယ့်ကြမ္မာကိုယ်ပြန်ဖတ်တော့၊ ဇာတ်မနိုင်ပဲ ခင်ကျင်းလိုက်တဲ့
ဇာတ်ဆရာ ကို အံ့သြမှင်သက်မိပေါ့ ။
ဆို့နင်နေတဲ့စိတ်အချို့ကို ခင်းကျင်းဖို့
ငါပွဲလန့်တုန်း ဖျာခင်းမယ်ကြံသော်လည်း
ဇာတ်ဆရာရဲ့ မျက်နှာခပ်ကြမ်းကြမ်းက
ငါ့ကိုပိတ်ဆို့လိုက်ပြန်တယ်…………….
ကြမ္မာရိုင်းရယ်၊ ဝေဒနာခပ်ပြင်းပြင်းရယ်၊ ဆို့နင်ကြေကွဲ
ပြေးထွက်ခွင့်မရလေတော့၊
ပင်လယ်ရဲ့ကျောက်ဆောင်တချို့ကင့ါကို ကြိုလင့်နေတာတွေ့ရလေတော့…
ထပ်တူကျလျှက်၊ မရုန်းကန်နိုင်ဆဲ
ခါးသက်သက်သီအိုရီကို ၊ စိတ်ကူးချိုချိုအရေးပိုလို့ဖော်ထုတ်ခဲ့ပြန်တာပေ့်ါ.။။။။။။။။။။။။။။။
Comment #2
အမ…ရှယ်.goodတယ်..
Comment #4
မကျေနပ်တိုင်းချရေးဖြစ်တဲ့ဒီဆိုဒ်ထဲမှာကျေကျေနပ်နပ်နဲ့အမြဲအားပေးတဲ့
ညီအစ်ကိုမောင်နှမတွေကိုကျေးဇူးအနန္တပ်ါနော်…………
Comment #1
Great ~~
ွရေးချက်က ပြင်းထန်သဗျ
ဖတ်သွားတယ် မမေခ ။