ဘဝ
ရှင်သန်နေထိုင်မှုနည်းမျိုးစုံနဲ့
ငါတို့နေထိုင်နေကြတဲ့
ဘဝဆိုတာကြီးထဲမှာ.
မမောတန်းအိပ်မက်တွေထမ်းပိုးထားကြ
အနာဂတ်လို့ကင်ပွန်းတပ်ထားတဲ့
ဖြစ်မလာခြင်းတွေအတွက်
ဆုတွေတောင်းကြ
ဒူးတွေထောက်ကြ
နင်ဘယ်သူလဲလို့မေးရင်
ငါဘယ်သူလဲဆိုတာကိုယ်တိုင်မသိကြ
ယောင်ချာယောင်ချာနဲ့ပဲ
အဆုံးမဲ့ပင်လယ်ပြင်ကိုရွက်ကုန်ဖွင့်ကြ
ငြင်းပယ်ရင်းပွေ့ပိုက်ထားခဲ့တဲ့
ပါးစပ်စိုစေရုံအလုပ်အကိုင်တချို့နဲ့
ယာယီဘဝတခုကိုစက်စုပ်ရွံရှာ
ညည်းညည်းငြူငြူနဲ့ပဲ
တနေဝင်တနေထွက်ခဲ့ကြ
ဒီလိုနဲ့လိမ်ပြီးကိုယ့်ဘဝကိုယ်ကို
မကျေနပ်ပဲ ကျေနပ်ခဲ့ပြ။
အမရာ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ရှင်သန်နေထိုင်မှုနည်းမျိုးစုံနဲ့
ငါတို့နေထိုင်နေကြတဲ့
ဘဝဆိုတာကြီးထဲမှာ.
မမောတန်းအိပ်မက်တွေထမ်းပိုးထားကြ
အနာဂတ်လို့ကင်ပွန်းတပ်ထားတဲ့
ဖြစ်မလာခြင်းတွေအတွက်
ဆုတွေတောင်းကြ
ဒူးတွေထောက်ကြ