နွေရဲ့အလှ
စိမ့်အေး နှင်းမြူ
လက်ကျန်ချွေတဲ့
လေနုအေးနဲ့ မနက်ခင်းက
သြ … ဆောင်းရဲ့အဆုံး
သင်္ကတလည်း ဖြစ်ရပြီပေါ့ …….
ဥသြသံချို
ရွက်ဟောင်းကြွေလို့
နွေသင်္ကတ ပြယုဂ်လေးနဲ့
သြ….. နွေဦးအစ လေနှောခဲ့ရပေါ့ …..
ရနံ့သင်းသင်း
ခရေပွင့် …… ဖူးပွင့်ခဲ့ပြီ
ဆောင်းနှောင်း .. နွေကူး စပ်ကူးမတ်ကူး ….
တူးပို့တေးသံ
ပျံ့လွင့်လာတယ် ….
ဒို့များ ရိုးရာ သင်္ကြန်ပွဲတော်
ရိုးရာမပျက် အစဉ်အလာနဲ့
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးမှာ
ရေချမ်းပက်ဖျန်း …. လန်းဆန်းစေကာ
နှစ်သစ်အကြို ….
လေပြနဲ့အတူ ဒိုးပတ်လေးက
တူးပို့တေးသံချို ……..
နွေရဲ့အလှ
ကဗျာမမှီ စာမမှီတဲ့ ………။
(၆-၃-၂ဝ၁၂)
Comment #2
နွေရဲ့အလှ
ကဗျာမမှီ စာမမှီတဲ့ ………။
By: May Kha at Mar 6, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အမ..ကဗျာပုံစံလေးလှတယ်ဗျ…
ခံစားအားပေးသွားပါတယ်..