နားလည်သင့်တယ်….
ဘယ်လိုပြောရမလဲ
မြိုသိပ်ထားလာခဲ့တဲ့ အချစ်များ
ပြောမထွက်လောက်အောင် ဖြစ်နေမိတယ်…
စောင့်ရက်တွေနဲ့
ကြိုးမိန့်ချခဲ့
အလွမ်းဆိုတဲ့ လှောင်အိမ်ထဲမှာ
မထားခဲ့ပါနဲ့ အမိရယ်….
အမိထင်တဲ့ လူတွေလို
ပိုက်ဆံ၊ကား၊ဖုန်းမရှိပါဘူး
ဒါပေမဲ့ နားလည်ပေးတတ်တဲ့
ဖြူစင်နှလုံးသားတစ်စုံတော့ ရှိတယ်ဆိုတာ
အမိသိသင့်ပါတယ်……
မျက်နှာတော်ညိုးမှာ
ကြောက်သမို့ အနမ်းတော်ရအောင်
ချစ်ခွင့်ပေးပါလို့လားလို့
မပြောမထွက်တဲ့ ငါ့ပါးစပ်
တော်တော်ဆိုးလှပါတယ်…..
မရေရာအတွေးနဲ့ မှေးစက်
စိတ်ကူးပေါက်လို့
ဖက်စရာ မရှိတဲ့ ဘဝပါ
အမိ နားလည်ပေးပါ…
ဘာမှန်းမသိတဲ့ ကဗျာတစ်ပုဒ်ပါ..
စိုး………..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
bar hman ma ti dar ko lar p arr pay twar par de,