စွဲလမ်းမိတဲ့ကောင်မလေး…သို့
ငါ့ရဲ့နံနက်ခင်းလေး
စတင်ဖွင့်လှစ်ရောင်ခြည်သစ်စဉ်
အရင်သတိရ
တမ်းတမိတာမင်းလေးပါဘဲ ။
ငါ့နေ့လည်ခင်း
သက်ဝင်လှုပ်ရှား၊သွားလေရာမှာ
တွေ့နေတာက
မင်းမျက်နှာ
ကြားနေတာက
မင်းစကားသံတွေပါ ။
ငါ့ညလေးမှာ
ညင်သာမှေးမှိတ်၊အိပ်ပြန်တော့လည်း
အိမ်မက်ပေးတာ
မင်းလေးပါဘဲ ။
ငါ့တစ်နေ့လုံး
မင်းဘဲပိုင်စိုး၊စိုးမိုးထားတော့
အလုပ်တွေပျက်
စာကြည့်ပျက်ကာ
မမြင်နိုင်တဲ့
သံယောဇဉ်ကြိုး
ပိုပိုတိုးလို့
ရှောင်တိမ်းဖယ်ခွာ
မလွတ်တာဘဲ
ငါ့မှာတော့အကျဉ်းသားတစ်ယောက်ပမာ
မင်းရဲ့သံယောဇဉ်ကြိုးတွေနှင့်**
မာန်ခက်ဝင့်
Comment #2
^__^
^__^
^__^
By: ei lay at Nov 5, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
kyay zu tin par de,,
kyay zu tin par de,,,
kyay zu tin par de,,
he,,he,,
arr lone tu tu be