လရောင်စားတဲ့အချစ် (ဒီတူးဆစ်တောင်ငူ)
လရောင်စားတဲ့အချစ် (ဒီတူးဆစ်တောင်ငူ)
လရောင်က ည,ကိုဝါးကြည့်ရင်း
တစ်ချက်ညဉ်းလိုက်တယ်..
ထွီ…..အရသာမရှိလိုက်တာ
ပေါ့ပျက်ပျက်နဲ့တဲ့..
အရသာဘယ်ရှိမလဲ လရောင်ရယ်
ညဥ့်ငှက်ကလေးတွေမှ မရှိတာ..
နောက်ထပ် ..
လရောင်ကလေညှင်းလေးကို မြည်းကြည့်လိုက်တယ်
ဟင်းး……..ခြောက်ကပ်ကပ်နဲ့တဲ့
ခြောက်ကပ်နေမှာပေါ့ လရောင်ရယ်
ညမွှေးပန်းလေးတွေမှမရှိတာ…
ပြီးတော့..
လရောင်က.
ရေပြင်လေးကိုနမ်းလိုက်တယ်
ဟူးးးးးးး….မလတ်ဆတ်လိုက်တာတဲ့
ဘယ်လတ်ဆတ်သင်းပျံ့ပါ့မလဲလရောင်ရယ်
ကြာပန်းလေးတွေ မှမရှိတာ..
ဒီလိုနဲ့..လရောင်ကတိုးတိုးလေညဉ်းလိုက်တယ်..
ဘာတွေလိုအပ်နေတာလဲတဲ့..
ကြယ်လေးတွေရဲဖြေကြားသံအဆုံး..
လောကကြီးထဲ
အရာအားလုံးပြည့်စုံသွားတယ်..
အ…ချစ်….တဲ့……..
(ဒီတူးဆစ်တောင်ငူ)
Comment #3
ဘုးရေ ….အရမ်းအ၇မ်းတောင်ချစ်ဖို့ကောင်းတယ်ဆိုပဲ….

Comment #4
bar phyit loh le?
ei lay khan sar mi de a tine yae like tar lay.
chit phoe kaung loh chit phoe kaung de pyaw dar,

Comment #6
a khu lo at nay de,

Comment #7

Comment #8
Oh,,,my love

Comment #10
ကဗျာလေးက တကယ်ကောင်းတယ်
လောကကြီးထဲ အရာအားလုံးပြည့်စုံသွားတယ်.. အ…ချစ်….တဲ့……။
သက်ရှိတဲ့ အရာမှန်သမျှ အ..ချစ်…ဆိုတာနဲ့မှ မကင်းကြတာ …
ဒီတူးဆစ်ရေ………အားပေးသွားတယ် နောက်ထပ်အသစ်တွေ တင်ပါအုံး။

Comment #11
တကယ်တော့ လရောင်ဆိုတာ
ညသန်းခေါင်ကို စိုက်တဲ့မျှား
အတွေးနဲ့တင် ခါးသက်ချင်နေပြီ။

Comment #12
good

Comment #13
So much like

Comment #14
super like

Comment #16
ဟုတ် ကို ဘလက် ကောင်းပါတယ်

Comment #17
အချစ်

Comment #1
he,,he,,
a yan a yan chit phoe kaung de,,
kyike de