လွမ်းရက်ရှည်
နေ၀င်နေထွက် ရက်တွေက ကုန်မြန်လိုက်တာ
တကယ်ဆို..နီးစပ်ရမယ့်နေ့တွေအတွက်
ဝေးနေရတဲ့နေ့တွေကပိုရှည်ကြာလွန်းတယ်
မျှော်လင့်ချက်နဲ့အသက်ဆက်နေရတဲ့
သူတစ်ယောက်အတွက်တော့
အနားမှာမင်းမရှိတဲ့
နေ့ရက်တွေတိုင်းက
ခါးသီးလွန်းတယ် ။
အတူဆုံချိန်ခဏလေးမှာ
ရင်ကိုလာငြိတဲ့
သူ့အပြုံး
သူ့နှုတ်ခမ်း
အိမ်မက်မှမဟုတ်တာ
အပူပင်ကင်းမဲ့စွာ
အိပ်စက်နေကျ
မင်းပုံရိပ်လေးတွေကြောင့်
မိုးလင်းခဲ့ရတဲ့ညတွေလည်း
မနည်းတော့ပါဘူး
နေရာဒေသအပိုင်ခြားတွေ
ကန့်သတ်ထားပါလျက်နဲ့
ဆုံဆည်းခွင့်ပေးခဲ့တဲ့
ကံကြမ္မာကိုအပြစ်တင်ဖို့ထက်
နီးစပ်ခွင့်မရသေးတဲ့နေ့တွေအတွက်
တစ်နှစ်ဆိုတဲ့အချိန်ကာလကြီးကို
ကုန်ဆုံးစေချင်ပြီ ။
များပြားလှတဲ့
ဆေးစာအုပ်တွေကြား
ခေါင်းမဖော်နိုင်အောင်
ကြိုးစားနေရတဲ့
ချစ်သူမျက်နှာလေးကိုမြင်ယောင်တိုင်း
တောင်းဆုတစ်ခုသာပြည့်ဖို့
ဆုတောင်းမယ်။
မျှော်လင့်ချက်တွေအရောင်လက်တဲ့တစ်နေ့
မောင်တို့အနာဂတ်လေးတောက်ပနိုင်ပါစေ ။ ။
မာန်ခက်ဝင့်
Comment #1
oh,,
tu tu be,,
thu la sar phat nay ya tone be,,
a yann pin pan de,,1 khar hma arr bu,,
daw daw g kyar de 1 khar 1 lay hma tway kya ya dar,
tway yin le kha na lay pe tway ya dar,
dar taung a yan chit kya dar,,
he,,he,,
kyone tone kwyar dar,