တောက်ပမှု
တောက်ပမှု
မျိုသိပ်ထားတဲ့
အနီရောင်ခပ်လဲ့လဲ့
ခံစားချက်တွေ
တနေ့နေ့တော့
အလှုခံပုံးထဲ မရောက်ခင်
လေထဲ လွင့်ပျံလောက်ပါရဲ့။
လေရူး တချက်မှာ
စိတ်မလွင့်အောင်
ထိန်းချုပ်ထားရတဲ့
အသိစိတ်ကိုလဲ အားနာပါရဲ့
သူတော်တော် ပင်ပန်း နွမ်းနယ်နေရှာပြီ။
တချိန်က…ရှုပ် ပွ လွန်းတဲ့
ငါ့အခန်း တခုထဲက
ရူးကြောင်ကြောင် ကာလသားစိတ်ကို
အခုအချိန်မှ share မလုပ်ချင်တော့ဘူး။
ရုပ်နမ် ၂ ခုပေါင်းစပ်ချိန်က စပြီး
နောက်ဆုံး ခွဲ ခွာချိန်အထိ
စုစုပေါင်းကြာမြင့်ချိန်ကို ငါသိချင်တယ်။
အဲ့တ၀က်ကို ငါပြန်ရောင်းချင်လို့ပါ။
ဆန့်ကျင်ဘက် ကြားခံနယ်တခုမှာ
မင်းဘယ်လောက်ထိ
ပျိုမြစ်တောက်ပနိုင်မှာလဲကွာ။
မင်းအသက်ရှုနေတာ
လေဟာနယ်ထဲမှာနော်။
သွေးသား
တောင်းဆို..ပေါင်းစပ်မှု
အချိုးမှာ ၅၀-၅၀
ဖြစ်နေလို့
မင်းဒီ ပန်းသီးကို
မစားခဲ့တာလား။
ရှေ့ဖြစ်ဟောဆရာလိုလို
“ဒါပြီးရင် ဒါဖြစ်မှာပါကွာ” ဆိုတဲ့
အတွေးတခုကို…
အနာဂတ်တောက်ပမှုတခုနဲ့
အစားထိုး
သက်သေပြု
ချိုးဖျက်ချင် ခဲ့ရုံလေးပါဗျာ။
FiйaL mUtaTioй
23.1.2012 ( 10:39 pm)
Comment #1
လှပတဲ့ တောက်ပမှုတစ်ခုပါ
အတုယူမှတ်သားသွားပါတယ်