သေလောက်ပါ၏
သေလောက်ပါ၏
ဘ၀တလျှောက်လုံး
ကြည်ကြည်လင်လင်နဲ့လောကကို မြင်ရတာဆိုလို့
မနက်အိပ်ရာ နိုးချိန်လေးပဲ ရှိတော့တယ်။
ကန့်သတ်ချက်တွေ
ထွေးပိုက် ချက်က
အသက်ရှုတောင် ကျပ်တယ်။
အုံမှိုင်းနေလိုက်တာ
အိမ်ပြင်ထွက်ဖို့တောင်
ကိုယ့်ကိုကိုယ် မလုံခြုံသလို ခံစားနေ ရတယ်။
ပတ်ဝန်းကျင်တခုလုံးကြီး ငါ့ကို
ထမ်းထားရတာ
ခြေဖ၀ါးတွေတောင်
သွေးစို့တယ်။
ထောင်နန်းမစံဘူးလို့
လူလိမ္မာလို့ သမုတ်တာလား။
သွားမလုပ်နဲ့ သေတတ် တယ်နော်။
ကန့်သတ်ချက်မရှိတဲ့
တစုံတယောက်လောက်နဲ့
စကားပြောခွင့်ပေးပါ။
စကားအကြီးကြီးတွေနဲ့
စကား သေးသေးလေးတွေကို
မနှိပ်ကွပ်တတ်ပါဘူး။
တံခါးဖွင့်ထားတာ
အကုန်ဝင်ဖို့ပါ
ကြွပါ။
ညတိုင်း မျှောလွင့်ခွင့်ပေးတဲ့
အိမ်မက်တွေကိုလဲ
ကျေးဇူးဆပ်ရအုံးမယ်။
ဒါပေမယ့် ..ငါ
နောက်ဆုံးအကြိမ် လမ်းဖောက်ခဲ့တာ
မင်းအတွက်ဖြစ်သွားတယ်။
FiйaL mUtaTioй
19.10.2010 ( 10:17 pm)
Comment #2
thx par … ei lay…:)
Comment #3
ကဗျာခေါင်းစဉ်နဲ့စာသားကတယ်လိုက်ဖက်ညီတယ် ~~
အရေးအသားကသေလောက်အောင်ဖတ်လို့ကောင်းတယ် ~~
Comment #1
lan de kwar