ထွက်သွားနိုင်တယ်
ရှင်းရှင်းပြောရရင်
နင်ပြောတဲ့ချစ်တယ်ဆိုတဲ့စကား ငါ့အတွက်တော့ခါးတယ်။။
စွန့်ပစ်လိုက် ကောက်ယူလိုက်နဲ့
ငါ့နှလုံးသားက ဒဏ်ရာဗရပွနဲ့
သေရာပါနေပြီ ….။
ဘယ်အရာကမှားနေတယ်ဆိုတာ
ငါကိုယ်တိုင်တောင်ေ၀၀ါးနေတယ်
ရိုးနေပါပြီဟာ နင်ပေးတဲ့ဥပေက္ခာက..
ရင်ဘတ်ထဲမှာတစ်ဆစ်ဆစ်နာတိုင်း
ခပ်ပြုံးပြုံးပဲနေတော့တယ်။။
အချိန်တန် နင်ခြေစုန်ကန်တော့လည်း
လွမ်းရက်နဲ့ ခပ်ပါးပါးအသည်းကွဲနေလည်း
ခွင့်ပြုတယ် စေလိုရာစေတော့ အချစ်ရယ်………။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အိုး…………….ဟိုး………………ကဗျာကအလုံးတွေက ရေရေလည်လည်လန်းကြောင်း ဆန်းကြောင်းပါ။