ထွေရာလေးပါး
စိတ်ရဲ့ တစာစာ ခေါ်သံနဲ့ အတူ
မြောင်းမြမြစ်နဖူးပေါ် ခြေစုံရပ်မိတော့
နေရောင်ထဲ လှိုင်းကြပ်ခွပ်ကလေးတွေက
ဟိုပြေး ဒီပြေးနဲ့ ဆော့ကစားလို့ပါ..
တလှုပ်လှုပ် လှေငယ်သည်လဲ
ဒီလှိုင်းပေါ် ငြိမ့်ငြိမ့်လေး စီးလို့
ကြည့်ကောင်းနေဆဲ။
အတွေးတွေက
ဘာအကြောင်းပြချက်မှ မရှိပါဘူး။
အော်..မဆီမဆိုင်ပါပဲ
စကားလုံး တစ်လုံးပြီး တစ်လုံး
ကောင်းကင်ဆီ ပစ်တင်နေမိတယ်..
ကောင်းမလေး
မင်းကို ငါအရမ်းလွမ်းတယ်
လွမ်းတယ်လို့……..။
တမ်းတခြင်းတွေကလဲ
ရွေ့ချင်သလို ရွေ့နေဆဲ
(အလိုမကျစွာ)
စုတ်တချက်..တောက်တချက်
သက်ပြင်းတစ်ချက်
နောက်..တစ်ချက်ပြီး ..တစ်ချက်
မှုတ်ထုတ်နေရင်းနဲ့ပေါ့။
တကယ်ပါ
ဒီရေ အတက်ကြီးမှာမှ
စိတ်ဓါတ်တွေက ထိုးဆင်းနေခဲ့တယ်လေ..
ခြေလှမ်းတွေကလဲ
ဘယ်အရပ်ဆီ ဦးတည်ရမှန်း မသိ..
အစပျိုးထားမိတဲ့ သတိရခြင်းတွေကလဲ
အခု…ခေါင်းပန်း လှန်ရတော့ မလိုနဲ့
မင်းဆီလဲ မလာရဲ..
အဝေးသို့လဲ ထွက်ခွာမသွားရဲ့နဲ့..
ဝန်လေးတဲ့ ဂန္တရလမ်းကနေ
ပန်းမချစ်တက်တဲ့သူဆီ
ပန်းတစ်ခင်း လက်ဆောင်ပေးလိုက်မိခဲ့တဲ့ အဖြစ်…။
အော်..
မရလိုက်တဲ့ အသိအမှတ်ပြုမှုက
ခင်မင်မှုလောက်နဲ့ပဲ
ရူးရူးမိုက်မိုက် ရောင်ရဲနိုင်ခဲ့ပါတယ်
ဗီသိုဘင်လို လှလှပပ တေးသွားတွေ
မဖန်တီးတက်ပေမယ့်
ငါရင်ခုန်သံတွေက အဲဒီတေးသွားတွေထက်
ပိုလှနေတာ မယုံမရှိနဲ့..။
ဘာပဲဖြစ်ဖြစ်
နှုတ်ဆိတ်တဲ့ အစာတွေ
ထွေးအန်လို့
လမ်းပျောက်တဲ့ စိတ်တွေက
တကယ်ပဲ ထွေရာလေးပါး။
ဒီမြစ်ကမ်းထက်မှာပေါ့။ ။
Comment #1
htway yar 4 par,,
a yan mike de,,
arr pay twar par d,