ပဲ့ တင် သံ တွေ ရှိ တဲ့ အ ရ ပ် မှာ ငါေ န တ ယ် . . .အန်ဂျလာ
ပဲ့ တင် သံ တွေ ရှိ တဲ့ အ ရ ပ် မှာ ငါ နေ တယ် . . . အန်ဂျလာ
ပိတ်ကားတွေ ဘယ်နှကြိမ်ချချ
ပုံရိပ်တွေ အမျှင်မပြတ်ဘူး
မြင်ချင်လွန်းလှချည်ရဲ့ 
အလင်း ဆိုတာ ဘယ်လို အရာဝတ္ထုများလဲ ၊၊ ၊၊
အသံတွေ ပြန်ပြန်ကြားနေမိတယ်
ရှေ့ တစ်လှမ်းတက်ဖို့ ရွယ်ကာ
နောက်တစ်လှမ်း ဆုတ်ရင်း ဆုတ်ရင်း နဲ့ 
အတိတ်ထဲ မြှပ်သွားခဲ့တယ်
. . . .
တောင်ပံ ခတ်နည်းတော့ သင်ခဲ့ပါရဲ့ 
ိုပိုးတုံးလုံးဘ၀က မကျွတ်သေးတော့ ခက်တယ် ၊၊ ၊၊
ပဲ့ တင် သံ တွေ ရှိ တဲ့ အ ရပ် မှာ ငါ နေ တယ် . . . အန်ဂျလာ
ရှက်ပြုံးလေးနဲ့ ခေါင်းငုံ့ နေဟန်တွေ
မျက်လုံးစိမ်းတို့ နဲ့  ဝေခွဲမရနေပုံတွေ
လေစိမ်းတွေ ရှုရှိုက်ပြီး
အလွမ်းတွေ ဆွဲ ဆွဲ ထုတ် နေတာတောင်
ပြန် ပြန် မြင်နေတယ်
အသည်းကို ဘယ်ပုံဘယ်နည်းနဲ့ ခွဲခွဲ
ကိုယ့်ရင်လဲ အကွဲခံရတာပဲ
အစကတည်းက နင် ၀င်မလာသင့်ဘူး ၊၊ ၊၊
ငါ့အတွက်တော့
ဓါတ်ကြီးလေးပါးဟာ အချိုးမညီလှပါဘူး
လောင်နေရတာ များတယ်
လိုအပ်မှုတွေကို လိုအပ်နေရတာထက်တော့
ငါ မလိုအပ်မှုတွေကိုပဲ ရှာဖွေချင်လှပြီ
အဆုံးသတ် နိဂုံးကို
နွေတစ်ရာ ထဲမှာ ရှာရတာ
ရေဆာလှပြီ ၊၊ ၊၊
အသံတွေကို သေတ္တာလေးထဲ ထည့်သိမ်းထားသလိုပဲ
ဒိုင်ယာရီ စာအုပ်လေး လှန်လိုက်တိုင်း
စကားသံတွေကြားရတယ်
ခွင့်လွတ်ပါ အန်ဂျလာ
တစ်ခါတစ်လေမှာ သူစိမ်းဆန်ဆန် သူရဲဘောကြောင်ပြတာဟာလဲ
အမှန်တရားကို တစ်ဖက်လှည့် ရှာဖွေခြင်းပါပဲ
ဘာကြောင့်လဲဆိုတာကို သိချင်နေမဲ့ အစားတော့
ဘာဖြစ်ခဲ့လဲ ဆိုတာကို တွေးပါ
ဘယ်လောက်ထိမုန်းပစ်သင့်လဲဆိုတာ သိသာလာပါလိမ့်မယ် ၊၊ ၊၊
ဖြစ်ချင်ခဲ့တာတွေအစား
ဖြစ်သင့်နေတာတွေက
ငါရင်ကို ကွဲစေတယ် အန်ဂျလာ
အခုချိန်မှာ . . . .
ငါ ချစ်ခြင်းတွေ အန်ချပြရင်တောင်
နင် စာလုံးပေါင်းနိုင်တော့မယ် မထင်တော့ပါဘူး
ဖြစ်နိုင်ချေ . . . မဖြစ်နိုင်ချေ တွေ ငါမစဉ်းစားခဲ့ဘူး
ငါ ဖြစ်ချင်တာတွေက
တစ်စုံတစ်ဦးအတွက် ဘယ်လောက်ထိ နစ်နာနိုင်မလဲဆိုတာ
ငါ မစဉ်းစားခဲ့ဖူးပါဘူး
လှေနံဓါးထစ် တစ်ဦးရဲ့  သစ္စာစူးစကားပါ
ရူးရရုံ ချစ်နေရမဲ့ ဘ၀ထက်တော့
ငါ လေကို ထပ်ပြီးမရှုရှိုက်တတ်ချင်တော့ဘူး ၊၊ ၊၊
တစ်ခါတစ်ရံကျတော့လဲ
ငါတို့ လူ့ အကျင့်စရိုက်တွေက
သိပ်ရယ်ဖို့ ကောင်းတယ် အန်ဂျလာ . . .
ပိုင်ဆိုင်ပြီးသား အရာတွေကို လွှင့်ပစ်တတ်ကြပြီး
လွှင့်ပစ်ပြီးမှသာ ပြန်လည် ခုံမင်မက်မောတတ်ကြတယ်
အမှန်အတိုင်း ၀န်ခံရရင်
ငါ စကားသံ မဲ့နေတယ်
ငါ ဘာကို လိုချင်နေလဲ ဆိုတာ သိနေပေမဲ့လဲ
ဖြစ်သင့်တာကိုပဲ ဦးစားပေးတော့မယ်
ကဗျာရေးမိတဲ့ လက်ကိုပဲ ဖြတ်ထားချင်တယ် အန်ဂျလာ
ငါ ခုံမင်လှတဲ့ အနုပညာမှာ
မျက်ရည်တွေ ရောမနေစေချင်ဘူးကွယ်
ရောမနေစေချင်ဘူး၊၊ ၊၊
မှန်ကြည့်တိုင်းလဲ
ငါ့ကိုယ်ငါ အမှန်မမြင်နိုင်သေးဘူး
ငါ့ရင်ထဲမှာ ရှုပ်ထွေးနေတဲ့ အရာတွေ
မပြတ်သားသေးတဲ့ ဆုံးဖြတ်ချက်တွေ
မ၀ံ့ရဲသေးတဲ့ သတ္တိတွေ ကိန်းအောင်းနေသေးတယ်
လွတ်မြောက်ဖို့ ကြိုးစားတိုင်း
တစ်ခါ တုပ်နှောင်မိစမြဲပါ
အတိတ်ဆိုတာဟာ . . . ငါ့နှလုံးသားကို ချုပ်နှောင်ဖို့ သက်သက်အတွက်
လွင့်တင်ထားတဲ့ အလံတစ်စင်းလိုပါပဲလားကွယ် ၊၊ ၊၊
ငါ့ချစ်ခြင်းဟာ အိပ်မက်ရုံသက်သက်အတွက်
ချခင်းထားတဲ့ ကုန်ကြမ်းမဟုတ်တာ ယုံ
ကိုယ့်ချစ်သူကို မနာကျင်စေချင်လို့ 
စုံလုံးကန်းပစ်ခဲ့တာ
ဒီတော့
မျှော်လင့်ချက်တွေ ဖုန်တက်သွားတယ် အန်ဂျလာ
ငါတို့ ငယ်ငယ်တုန်းက
ပုံပြောတမ်း ကစားခဲ့ကြသလိုပဲ
နားလည်ထားလိုက်ပါတော့
အမှန်တရားတွေဟာ ခါးတတ်တော့
နင် ခံနိုင်ရည် မရှိမှာ စိုးတယ်
နင့်ကိုငါ အရိုးသားဆုံး ချစ်နေပါသေးရဲ့ 
ငါ့ စိတ်ကူးတွေထဲက နင့်လက်တစ်စုံဟာ
ရိုးတွင်းချဉ်ဆီသို့ တိုင် နွေးစေပါသေးရဲ့ 
ငါ ရပိုင်ခွင့်တွေကို မဆုတ်ကိုင်တတ်သေးဘူး အန်ဂျလာ
လွတ်ကျသွားတဲ့ ဘ၀တစ်ခုအတွက်ပဲ
ငါ အရူးအမူး နှမြောမိတယ်
ငါတို့ ဟာ ပြီးပြည့်စုံတဲ့ ဒိုးဇက် လေးတွေ မဖြစ်ခဲ့ကြဘူး
တူညီရာ တူညီရာ ဆက်စပ်ကြဖို့ အရေး
တို့ အနေဝေးခဲ့ကြတယ်
သွေးတော့ မအေးသေးပါဘူး
လက်တွေ့ ဘ၀တွေ ရေခဲရိုက်ခံထားရတာ ဆိုးတယ် အန်ဂျလာ
ငါ့ရဲ့ လှုပ်ရှားခွင့်တွေကို ဦးနှောက်က ထိန်းချုပ်ထားတယ်
ချစ်ခြင်းဆိုတာ . . ငါ့အတွက်
ရူးရရုံ ရတဲ့ ခဏတာ ဘ၀ပါ . . . ၊၊ ၊၊
အသက်မရှိဘဲနဲ့  ငါ လူရာဝင်နိုင်သေးပေမဲ့
စိတ် မရှိဘဲနဲ့ တော့ ငါ့ကိုယ်ငါ လူလို့ မသတ်မှတ်နိုင်သေးဘူး
ငါ့ရဲ့ စိတ်တွေဟာ
အန်ဂျလာ . . . နင့်ရဲ့ နောက်မှာပဲ ကပ်လိုက်နေကြတယ်
ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်စွမ်းဆိုတာကို နင်ပိုင်တယ်
မထီပဲ့ပြင် စကားဆိုရရင်
ငါ့ စိတ်တွေ ကို နင့်ဆီ ပို့ ထားချင်တယ် အန်ဂျလာ
အရင်လို သစ်တော ပြန်ရဖို့ အတွက်
ဒီ သစ်စေ့ လေးကို တရှိုက်မက်မက် မြတ်နိုးပါရစေ ၊၊ ၊၊
၃၆၅ ရက်လွန် သံယောဇဉ် တွေ အတွက်
အလွမ်းတွေကို လက်လုပ် ကြယ်ပွင့်လေးထဲမှာထည့်
ငါ့ရဲ့ ဝှက်ထားတဲ့ ကောင်းကင်မှာ လွှင့်တင်ထားချင်တယ်
ထပ်တူကျဖို့ ကြိုးစားနေရင်းက
`ဘောင်´ ကျော်သွားတဲ့ တစ်ကိုယ်ကောင်း တရားတွေအတွက်
နဂါး ပုရပိုဒ်မှာ တေးမှတ်လို့ ထားပါတော့ အန်ဂျလာ
နင် နဲ့ ငါ ရဲ့ ရာဇ၀င်အို တစ်ပုဒ် ပိတ်ကားချပြီးကတည်းက
ငါ့ရဲ့ ဘ၀သစ်ဆိုတဲ့ မတော်တရော် ဖိနပ်ကြီးကိုစီးလို့ 
စနစ်တကျကြီး မှားပြနေတာတွေကို
ဖန်ပုလင်းလေးထဲမှာ ထည့်
အပျော်သဘောနဲ့ သာ ကြည့်ရှုခံစားပါတော့
ကြည့်ရှုခံစားလှည့်ပါတော့ ၊၊ ၊၊
ဒါကြောင့်မို့ ငါပြောတာ အန်ဂျလာ
ပဲ့တင်သံတွေ ရှိတဲ့ အရပ်မှာ ငါနေတယ် လို့ 
ပဲ့ တင် သံ တွေ ရှိ တဲ့ အ ရ ပ် မှာ ငါ နေ တယ်
ပဲ့  တင် သံ တွေ ရှိ တဲ့ အ ရ ပ် မှာ ငါ နေ တယ် . . . အန် ဂျ လာ ၊၊ ၊၊
လမင်းဇော်
(၃း၂၅)မိနစ်
[email protected]
Comment #2
mite….tal….kwar….xD
Comment #3
မျက်လုံးစိမ်းတို့ နဲ့  ဝေခွဲမရနေပုံတွေ
လေစိမ်းတွေ ရှုရှိုက်ပြီး
အလွမ်းတွေ ဆွဲ ဆွဲ ထုတ် နေတာတောင်
ပြန် ပြန် မြင်နေတယ်
အသည်းကို ဘယ်ပုံဘယ်နည်းနဲ့ ခွဲခွဲ
ကိုယ့်ရင်လဲ အကွဲခံရတာပဲ
အစကတည်းက နင် ၀င်မလာသင့်ဘူး ၊၊ ၊၊
ငါ့အတွက်တော့
ဓါတ်ကြီးလေးပါးဟာ အချိုးမညီလှပါဘူး
လောင်နေရတာ များတယ်
လိုအပ်မှုတွေကို လိုအပ်နေရတာထက်တော့
ငါ မလိုအပ်မှုတွေကိုပဲ ရှာဖွေချင်လှပြီ
အဆုံးသတ် နိဂုံးကို
နွေတစ်ရာ ထဲမှာ ရှာရတာ
ရေဆာလှပြီ ၊၊ ၊၊
နှစ်သက် စွာ အားပေးသွားပါတယ်ခင်ဗျာ
တကယ် အားကျ မိပါတယ်
Comment #5
အခုလို ဖတ်ရှုအားပေးကြပါသော ခိုင် ၊ jack ၊ မမိုး နဲ့  ကိုချီရွန် (ပုလဲ) တို့ ကို အထူးပင် ကျေးဇူးတင်ပါတယ် ခင်ဗျာ . . .
Comment #6
ပဲ့  တင် သံ တွေ ရှိ တဲ အ့ ရ ပ် မှာ ငါ နေ
တယ် . . . အန် ဂျ လာ ၊၊
အသက်ရှုမှားသွားလောက်တဲ့ကဗျာ
ကောင်းလှချည်လား လမင်းဇော်ရေ … 🙂
Comment #7
ပဲ့တင်သံတွေက ထပ်ခါထပ်ခါ
Comment #8
ကိုတယ်ရီ နဲ့ နတ်သမီး တို့ ကိုလဲ ကျေးဇူး အထူး အထူး တင်ပါတယ် ဗျာ ၊၊
Comment #9
arr pay twar par d
Comment #11
i read 3 times again,
Comment #12
GOOOD TEL~~~~~~.ayan kg tel~~~..love it
Comment #13
ငါ့ရဲ့ စိတ်တွေဟာ
အန်ဂျလာ . . . နင့်ရဲ့ နောက်မှာပဲ ကပ်လိုက်နေကြတယ်
ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်စွမ်းဆိုတာကို နင်ပိုင်တယ်
မထီပဲ့ပြင် စကားဆိုရရင်
ငါ့ စိတ်တွေ ကို နင့်ဆီ ပို့ ထားချင်တယ် အန်ဂျလာ
အရင်လို သစ်တော ပြန်ရဖို့ အတွက်
ဒီ သစ်စေ့ လေးကို တရှိုက်မက်မက် မြတ်နိုးပါရစေ ၊၊ ၊၊
Comment #14
ဘယ်လိုပြောရမလဲဆိုတော့ သိပ်ကိုသဘောကျသွားတယ်ဗျာ….
၁၈ နှစ်ဆိုတော့ ပိုပြီး ၀မ်းသာမိတယ်…. ဆက်ရေးပါ ကဗျာဆရာရယ် …
ကဗျာမှာ တော်တော် အံ့သြစရာကောင်းတဲ့ လက်ဖ၀ါးတစ်ဖက်ပါဘဲ ..လို့ဘဲ လေးစားစွာပြောပါတယ်
သူငယ်ချင်း…
Comment #15
သိပ်ဂုဏ်ယူစရာကောင်းတဲ့ ဆယ့်ရှစ်နှစ်သားကဗျာဆရာရေ… ကျွန်တော်ဒုတိယအကြိမ် ထပ်ချီးကျူးပါမယ်.. အရမ်းပြည့်စုံတယ်ဗျာ…
အားကျလျက်… အတုယူလျက်….မနာလိုလျက်
13th
Comment #1
ကဗျာထဲကကောင်လေးခံစားနေရတာကိုသိပေမဲ့သူစွန့်လွှတ်ချင်နေတာလားပြန်လည်ပိုင်ဆိုင်ချင်နေတာလားဆိုတာကိုမကွဲဘူး….ဘာပဲဖြစ်ဖြစ်ကဗျာကောင်းတစ်ပုဒ်ပါ….