မင်းအတွက်ငါ
- ဆောင်းရဲ့ တစိမ်းဆန်ဆန် နေတွေထဲ
- ငါရင်ခွင် နွေးထွေးပါ့မလား….
- မသိချင်တော့ဘူး
- မင်းပေးတဲ့ ဒဏ်ရာလား..?
- အချစ်ဆိုတဲ့ ဝေဒနာလား..?
- မင်းသင်ပေးခဲ့တဲ့ ကော်ဖီခါးခါးတစ်ခွက်နဲ့
- နေသားတကျ လွမ်းတက်မိနေပါပြီ…
- မင်းထားရစ်ခဲ့တဲ့ ခြေရာလွှလွှတွေက
- ငါဘေးနားကပ်ညိ လို့
- အဆင်မပြေမူတွေနဲ့ ခင်မင်နေတက်ခဲ့ပြီ…
- ရူးသွပ်ခဲ့ပါတယ်…
- မင်းဆံနွယ်လေးကို
- မင်းအသံလေးကို
- မင်းဆိုတဲ့ကောင်မလေးကို…
- မင်းနဲ့ အမှတ်တရအရာလေးတွေနဲ့
- စက္ကန့်တိုင်း ငါအလွမ်းအဆိပ်တက်လိုပေါ့…
- မင်းမရှိတော့
- ဘယ်လိုရှိင်သန်ရမလဲလေ….
- မင်းပြန်လာခဲ့ပါလား….
- မင်းအတွက် ငါအသင့်ရှိနေမယ်လေ
ငါဆိုတာမင်းအတွက်ပဲ.
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
i like both title & poem.