ပုံပြင်
ငါက ကျေးလက်ရှုခင်းပုလွေသံ
မင်းက မြို့ကြီးပြကြီးနဲ့ကစားဖော်
အရာရာဟာ မှားယွင်းတဲ့ကကြိုးတစ်ခုပေါ်မှာ ခြေစုံရပ်လို့
ညတွေကို မျက်ရည်နဲ့လျှော်ဖွပ်လည်း
ငါ့နေ့ရက်တွေ ဘယ်လိုမှ ပြန်မသစ်တော့ဘူး
မင်းစေတနာရှိသလောက် ချစ်ခဲ့တာကိုပဲ
ကျေးဇူးတင်လိုက်ပါရဲ့ကွယ်
ငါ့ဘ၀က မင်းခြေထောက်နဲ့မတော်မှန်း
မင်းသိခဲ့တယ်မဟုတ်လား
ဘာမှမရှိတဲ့ယောက်ျားတစ်ယောက်ဆီ
ဘာမှမရှိတော့တဲ့မိန်းမတစ်ယောက်
ရောက်လာခဲ့ဖူးတယ်
ကိုသျှား
Comment #2
ကေါင်းတယ်ဗျာတစ်ခါမှမတွေ့ဘူးဖူး…….
အားပေးသွားပါတယ်……….
Comment #3
မင်းစေတနာရှိသလောက် ချစ်ခဲ့တာကိုပဲ
ကျေးဇူးတင်လိုက်ပါရဲ့ကွယ်
ငါ့ဘ၀က မင်းခြေထောက်နဲ့မတော်မှန်း
မင်းသိခဲ့တယ်မဟုတ်လား
..
တထပ်တည်း ဖြစ်နေတယ်ဗျာ…
Comment #4
ပုံပြင်က ပုံပြင်ထဲမှာပဲ အဆုံးသတ်တယ်
Comment #5
ဘာမှမရှိတဲ့ယောက်ျားတစ်ယောက်ဆီ
ဘာမှမရှိတော့တဲ့မိန်းမတစ်ယောက်
ရောက်လာခဲ့ဖူးတယ်
Comment #7
yae yae le le mike de pone pyin pe
Comment #8
Nice Story.
Comment #1
ပုံပြောတယ်ကောင်းပါလားဗျ
မင်းစေတနာရှိသလောက် ချစ်ခဲ့တာကိုဘဲ
ကျေးဇူးတင်လိုက်ပါရဲ့ကွယ်တဲ့ အလုံးတွေက ရေလည်သစ်လွန်း ခန့်လွန်းတယ် ။