“ငိုခြင်းဖွဲ့ အခန်းဆက်”
အမုန်းစစ်တလင်းကြားမှာ
ငါသံမဏီကျောက်ရုပ်လိုထိုင်ငေး
တိုးဖွဖွနဲ့ နိုးနိုးကြားမဟုတ်တဲ့
အသံအားက ရှင်လျှက်
နောက်တစ်ခါလိုက်ဖို့ခေါ်နေပြီ….။
အချစ်လားးးးးးအမုန်းလားးးးးး
ထသွားးချင်တာလားးးးထိုင်နေချင်တာလားးးး
စိတ်တွေဗြောင်းပြန်ဖြစ်နေလားးး
မတည်ငြိမ်မှုတွေကြားမှာခပ်ခါးခါးအကြည့်နဲ့
ပန်းတွေကြားက သူမရယ်ပြတယ်~~~~။ ဂျစ်ပစီ(မင်းမင်း)
လှေနံဓါးထစ် ယုံကြည်မိတဲ့ အဖြစ်
ဘေးကြပ်နံကြပ် အခန်းဆက်မှာ ကပြအသုံးတော်ခံဖို့ 
မျက်ဝန်းက စကားပြောတယ်
လေစိမ်းတွေတိုက်နေတဲ့  ရင်ဘတ်ကြီးထဲကို
ငိုခြင်းဖွဲ့  မေတ္တာတွေ
မုန်တိုင်တွေ ပစ်မသွင်းလိုက်နဲ့ 
ယိုင်နဲ့ နဲ့  ခြေလှမ်းတွေ
မှားသွားမှာစိုးလို့ ……။
ဒါပေမယ့် ………. နှိုင်းမရ(တောင်တွင်းကြီး)
ရင်ထဲမှာ အလွမ်းတွေအရောင်ရင့်ရင့်နဲ့~~
ကျကျန်ပြီးသားနေ့စွဲတွေ
အစာသွပ်ခံလိုက်ရတယ်~~
ပျံဝဲနေတဲ့ တိမ်တိုက်တွေကြားမှာ
ငါထုဆစ်ထားတဲ့ အိမ့်မက်တွေ
အထွေးလိုက်ပါသွားခဲ့ပြီ~~
လွဲတတ်တဲ့ကံတရားက
အတ္တခါးခါးအပိုဆောင်းထည့်ပေးလိုက်တယ်~~~~။ ။ ဂျစ်ပစီ(မင်းမင်း)
………………………………………………….
နှိုင်းမရ၊ ဂျစ်ပစီ(မင်းမင်း)
လေးစားလျက်~~
ပျော်ရွှင်ပါစေဗျာ….
Comment #3
အမုန်းစစ်တလင်းကြားမှာ
ငါသံမဏီကျောက်ရုပ်လိုထိုင်ငေး
တိုးဖွဖွနဲ့ နိုးနိုးကြားမဟုတ်တဲ့အသံအားက ရှင်လျှက်
နောက်တစ်ခါလိုက်ဖို့ခေါ်နေပြီ….။
ပျံဝဲနေတဲ့ တိမ်တိုက်တွေကြားမှာ
ငါထုဆစ်ထားတဲ့ အိမ့်မက်တွေ
အထွေးလိုက်ပါသွားခဲ့ပြီ~~
လွဲတတ်တဲ့ကံတရားက
အတ္တခါးခါးအပိုဆောင်းထည့်ပေးလိုက်တယ်~~~~။
……………………
နှစ်သက်စွာအားပေးသွားပါတယ်ဗျာ
Comment #4
arr pay twar par d,
Comment #5
ခံစားအားပေးလျက်
Comment #7
ငိုခြင်းဖွဲ့  မေတ္တာတွေ
မုန်တိုင်တွေ ပစ်မသွင်းလိုက်နဲ့ 
ယိုင်နဲ့ နဲ့  ခြေလှမ်းတွေ
မှားသွားမှာစိုးလို့ ……။
ကြိုက်………တယ်ဗျ
Comment #8
ကျွန်တော်ကဗျာတွေေ၇းတယ် မကျော်ကြားရင်နေပါ~~ဖက်သူရင်ထဲကို ပါးပါးလေးကိုင်လှုပ်နိုင်ရင် ၀မ်းသာပါပြီ~~ဒါကျွန်တော်စားသုံးတဲ့ အားဆေးတစ်ခွက်ပါ~~အားပေးခံစားခဲ့တဲ့ ဘော်ဒါအားလုံ့းကျေးဇူးကမ္ဘာပါဗျာ~~~~~~~~~။
Comment #1
လှေနံဓါးထစ် ယုံကြည်မိတဲ့ အဖြစ်
ဘေးကြပ်နံကြပ် အခန်းဆက်မှာ ကပြအသုံးတော်ခံဖို့ 
မျက်ဝန်းက စကားပြောတယ်
လေစိမ်းတွေတိုက်နေတဲ့  ရင်ဘတ်ကြီးထဲကို
ငိုခြင်းဖွဲ့  မေတ္တာတွေ
မုန်တိုင်တွေ ပစ်မသွင်းလိုက်နဲ့ 
ယိုင်နဲ့ နဲ့  ခြေလှမ်းတွေ
မှားသွားမှာစိုးလို့ ……။ ကြိုက်၏