ဖီးနစ်မြိုချခဲ့သော ပန်းတစ်ပွင့်
ဖီးနစ်မြိုချခဲ့သော ပန်းတစ်ပွင့်
လရောင်ဖြူဖြူအောက်
မိစ္ဆာမီးတောက်တို့ လှပရုန်းကြွ
တေလေတစ်ယောက်ရဲ့ သမုဒယဟာ
ပူလင်းရှတစွာ အသက်ဝင်လာတယ်
ရင်ရိပ်ထိပ်ထားရေ
အဲဒီမီးနွယ်ကောက်ကြောင်းမှာပဲ
သမုဒယဟာ အမှတ်တရ နေ့ရက်ကို
စေတန့်ခံတွင်းပျက်ထဲ ကွပ်မျက်သဂြိုဟ်ခဲ့တယ်
ဝါရွှေပြောင်းဖျော့ မီးပါးပြင်ထက်
မင်းပါးကွက်လေး ပြာကျ
အတိတ်မိုးကြွင်းစတို့
မြေခအလံလှဲခဲ့ပြီ
ကဝေမရေ
တခါက မင်းကို
ရင်အိုသည်အထိ လွမ်းဖူးတဲ့ကောင်
အခု မင်းမျက်ဝန်းရဲ့ ဆန့်ကျင်ဘက်
ငါ ဘုရင်ဆန်ဆန် ရပ်နေတယ်။
ချီရွန် ( ပုလဲ )
Comment #2
wow,,,,,,,
ha,,ha,,,
Bravo,, Bravo
Comment #3
အသဲကွဲမိုး နဲ့ အိလေး ခင်ဗျား … အားပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါသည် ခင်ဗျာ။
Comment #4
ကဝေမရေ
တခါက မင်းကို
ရင်အိုသည်အထိ လွမ်းဖူးတဲ့ကောင်
အခု မင်းမျက်ဝန်းရဲ့ ဆန့်ကျင်ဘက်
ငါ ဘုရင်ဆန်ဆန် ရပ်နေတယ်။
Comment #6
ခံစားချက်နဲ့ ကိုက်တယ်ဗျို့။ အားပေးပါတယ် ဆက်ရေးပါဦး ကဗျာတွေ။
Comment #7
ကဗျာလေးကကောင်းတယ်
ဝင်ဖတ်သွားပါသည်။
Comment #1
အတော်လှသော..ကဗျာလေး…
နှစ်သက်စွာအားပေးသွားပါတယ်ခင်ဗျာ