လိုချင်မိသော အနမ်း
မတွေ့ရရင်လည်း မနေနိုင်
တွေ့ရပြန်တော့လည်း မပြောရဲ
မခေါ်ရဲတဲ့ မဆုံနိုင်မျဉ်းပြိုင်လို
ဘယ်လို၊ဘယ်ကမ်းကပ်လို့
ချစ်မိသွားရတာလဲ ငါမသိ
ခက်ထိထိနဲ့ အတွေးထဲ
ဘာလို့ မင်းဝင်လာတာလဲ….
အတွေးတိုင်းလဲ မင်းစိုမိုးဆဲ
ညဘက်ဆိုရင် အိပ်မရဘဲ
စဉ်းစားမိတိုင်း အပြုံးတွေနဲ့
မေ့မရနိုင်တဲ့ မျက်ဝန်းတစ်စုံက
ငါ့ဝိညာဉ်ကို ဖမ်းယူ
အကြိမ်ကြိမ်ခုန်နေတဲ့ ငါနှလုံးသားရဲ့
ချစ်တယ်ဆိုတာကို မင်းမကြားတာလား၊
မကြားချင်အောင်ဆောင်ခဲ့တာလား
ဝေးဝါးနေတဲ့ ငါအဖြစ်
မင်းသိသင့်ပါတယ်။
မင်းသွားတိုင်း အရိပ်ကလေးလို
နောက်ကလိုက် တစ်ချက်မငြီးပဲ
လက်ကုန်ချစ်ခဲ့တာ မင်းနားလည်ပါလို့
ပြောမထွက်ပေမဲ့ တစ်နေ့တော့
နားလည်နိုင်ပါစေလို့ ဆုတောင်းတာလည်း
အထပ်ထပ် အတော်မသတ်တဲ့
ငါတို့နှစ်ယောက်ဇာတ်လမ်း
မင်းအဆုံးသတ်ပေးပါတော့…အချစ်သက်ထားရယ်…
မင်းအပြုံးတစ်ခု
လေပြည်တွေ ခိုးယူသွားတာကို
မနာလိုဖြစ်မိတာ အမှန်ပါ…
ချစ်မိတော့လည်း ခွင့်လွတ်ဆဲမို့
အပြီးအပိုင် ဆုံးခန်းတိုင်အောင်
သက်ထား နှစ်ပါးသွားရအောင်
အနမ်းပေးပါတော့လားကွာ…
စိုး……
Comment #2
အရမ်းမိုက်တယ်စာသားတွေက
Comment #3
kwi,,kwi,,
yae yae le le mike de kwar,,
really nice
Comment #5
မင်းအပြုံးတစ်ခု
လေပြည်တွေ ခိုးယူသွားတာကို
မနာလိုဖြစ်မိတာ အမှန်ပါ…
မိုက်တယ်ဗျာ ……..
Comment #7
😛
n.i.c.e
Comment #1
မတွေ့ရရင်လည်း မနေနိုင်
တွေ့ရပြန်တော့လည်း မပြောရဲ
မခေါ်ရဲတဲ့ မဆုံနိုင်မျဉ်းပြိုင်လို
ဘယ်လို၊ဘယ်ကမ်းကပ်လို့
ချစ်မိသွားရတာလဲ ငါမသိ
ခက်ထိထိနဲ့ အတွေးထဲ
ဘာလို့ မင်းဝင်လာတာလဲ