ဟန်ဆောင်ကဗျာ(မင်းလူန)
တစ်ခါမှမှတ်မိဖို့ မကြိုးစားဖူးတဲ့ ဦးနှောက်
ကဗျာဆရာဆိုတဲ့ ဝဋ်ကြွေးကို
အကျေဆပ်ဖို့ 
စကားလုံးတွေနဲ့ ရိုးသားပြနေမိတဲ့ အဖြစ်
တခါတလေတော့ လဲ
မွန်းကျပိတာတွေဖောက်ချဖို့ 
ကိုယ့် ကိုကိုယ်ခရီးပြင်းနှင်းလာခဲ့ တယ်
တစ်ကယ်တော့ 
ပြန်မရနိုင်တဲ့ အတိတ်လောက်
သူစိမ်းဆန်ခံရတာမျိုး
ဘယ်လောက်များရင်နာစရာကောင်းလိုက်လဲလို့ 
ဒါကိုပဲ
တခုတ်တရစားမြုံ့ ပြန်ပြီး
ကောက်ကြောင်းပြန်ဆွဲနေရတာကိုကအရသာ။
လူ……………….
ပူလာင်ပြင်းရှမှု့ မပါရင်
ဆာလောင်မွတ်သိပ်ခြင်းကို
ဖတ်တွယ်သီကျူးနေတဲ့ 
အကြီးစားမီးတုံးကြီးများ
အမုန်တွေ
အမုန်းတွေ
ထိုးကြိတ်သိမ်းဆည်းပြီး
ကဗျာတစ်ပုဒ်ရေးလိုက်တယ်
မာနကတော့ 
ဒီကဗျာနားမှာ
ရစ်သီရစ်သီပျံဝဲဆဲ။
မင်းလူန
Comment #2
arr pay twar par d
By: ei lay at Mar 15, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တစ်ကယ်တော့ 
ပြန်မရနိုင်တဲ့ အတိတ်လောက်
သူစိမ်းဆန်ခံရတာမျိုး
ဘယ်လောက်များရင်နာစရာကောင်းလိုက်လဲလို့ 
ဒါကိုပဲ
တခုတ်တရစားမြုံ့ ပြန်ပြီး
ကောက်ကြောင်းပြန်ဆွဲနေရတာကိုကအရသာ။