(အများနှင့်မသက်ဆိုင်သော)..တစ်ဦးပိုင်
လူကတော့..ဘာမှမဟုတ်ဘူး
ဟိုယောင်..သည်ယောင်…. မယ်ရွှေယောင်ပဲ
ဒါပေမယ့်
နွေတလံ..မိုးတစ်တန် ပြဌာန်းပြီး ကျွန်တော်လွမ်း
အချစ်ဆိုယုံနဲ့..အသာငမ်းငမ်း..
လမ်းအချိုးအကွေ့ ရဲခဲ့တယ်။
မူယာတစ်စုံ..မာယာတပုံတပင်..သုံး
ပွဲ..တန့်အောင်..အသည်းနှလုံးလေး..
ခင်း ကျင်း ပြ သ
ပြည့်နိုင်မယ့်ဆု…တောင်းလို့ရကြေးဆို
မင်းသွားရာလမ်းမှာ…ငါ့အချစ်ပန်းတွေပဲ..လန်းနေပါရစေ
တိတ်တိတ်လေးလည်း…ကြိတ်မငိုဘူး
မင်းကလွဲ…
အခြားသူဘက်ကမ်း.လွှဲ.လှမ်းမတတ်ဘူး
ငြိုးစေ…မိုးတစ္ဆေ..ကိုယ့်ညတွေတိုင်း…မင်းမပါပဲလည်း
မပြုံး..ရက်ဘူး။
နောင်အနာဂတ်….ဘ၀အဆက်ဆက်..မပြတ်တမ်း..လက်ကမ်း
ကျွန်တော်..
ပိုပို..သာ…ကဲ…ကျူးရင့်ဦးမယ်
ဇာတာအလန်းနဲ့အယောင်ဆောင်
ကျွမ်းတဲ့..ကျွန်တော့်..အသည်းစား…လူကောင်လေးရယ်
လူတကာမှန်းတဲ့..ရင်ခွင်အဆန်းနဲ့
ရိုမန်းတစ်..ဆန်ဆန်….အလွမ်းခန်း…ဖွင့်မယ်
ကျွန်တော်..ခင်ဗျားလေးတယောက်ပဲ…သိပ်ချစ်တယ်။
Comment #3
ma moe,,,.
tay loh ya de kwar,
sa ka lone tway,,,a tway a khaw tway,,arr lone yin khone like tar.
yae yae le le kwyay de,,
huh,,,da ke tay loh ya p.
Comment #4
မိုးရေ~~ထပ်တစ်ခါ အားပေးသွားတယ်ဗျာ~~ကောင်းချက်ပါပဲ
Comment #7
မမိုး….
မူယာတစ်စုံ..မာယာတပုံတပင်..သုံး
ပွဲ..တန့်အောင်..အသည်းနှလုံးလေး..
ခင်း ကျင်း ပြ သ
ပြည့်နိုင်မယ့်ဆု…တောင်းလို့ရကြေးဆို
မင်းသွားရာလမ်းမှာ…ငါ့အချစ်ပန်းတွေပဲ..လန်းနေပါရစေ
ဒီအပိုဒ်လေးကိုပိုကြိုက်တယ်ဗျ…..
Comment #8
read again par shin,
Comment #9
ကဗျာလေးကောင်းပါတယ်ဗျာ……
Comment #1
လူတကာမှန်းတဲ့..ရင်ခွင်အဆန်းနဲ့
ရိုမန်းတစ်..ဆန်ဆန်….အလွမ်းခန်း…ဖွင့်မယ်
ကျွန်တော်..ခင်ဗျားလေးတယောက်ပဲ…သိပ်ချစ်တယ်။
ဒီကဗျာရဲ့ ရေသောက်မြစ်လို့ ပြောရမယ်ထင်ရဲ့။ ဒီနေရာလေးနဲ့ ရေးထားပုံလေး နှစ်သက်ပါတယ်။