လွမ်းလှပေါ့ သခင် [ for zmmc ]
သခင်..
သင့်နှုတ်ခမ်းဖျားမှာ
အပြုံးများ ဖန်တီးခွင့်
ထာဝရ ရချင်တယ်။
ဒီဇင်ဘာရဲ့
ဆောင်းနှင်းဖြူ
ခပ်ပါးပါးလေးလို
သခင့်ရင်ကို
သိမ်သိမ်မွေ့မွေ့လေး
အေးမြပေးချင်ပါတယ်။
သခင့်အပါးမှာ
လိုရာဖြည့်ဆည်းပေးဖို့
ကိုယ်စောင့် နတ်သားလေးတစ်ပါးအဖြစ်
ဖြစ်ခွင့်ရချင်တယ်။
သခင့်အတွက်
ပျော်ရွှင်ခြင်းတွေ
ယူလာပေးဖို့
တေးသွားလေးလို
ခပ်မြမြလေး
လှပနေချင်တယ်။
လွတ်လပ်ခြင်းတွေ
မြတ်နိုးတဲ့
သခင်အတွက်
အတူလွင့်မျောရာ
ညနေခင်းရဲ့
လေပြည်လေးအဖြစ်
သခင့်အပါး ခစားချင်တယ်။
လွမ်းလှပေါ့.. သခင် ။
Comment #4
he,,he,,
ei lay ka laung ka sar loak tat bu kwe,

Comment #6
So so sweet.
Misssssssssss

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ko lu soe doe ka dot loak p,
a pyat a tat ko chwe tar pe kwar,,
ha,,ha,,
lae sar paar de shin.