ငါ့အလှည့်
ငါ့အသည်းတပွင့်ကိုခြွေဖို့…တစ်ပင်လုံးကို…တယုတယ..နင်ပျိုးခဲ့တယ်
ငါ့ဘ၀တစ်ခုလုံးအကျနာဖို့….အမြင့်ဆုံးကို…မရောက်ရောက်အောင်…နင်တင်ခဲ့တယ်
ငါ့နှလုံးသားကိုချည်နှောင်ဖို့…အရှည်ဆုံးကြိုးကို…မရရအောင်..နင်ရက်လုပ်နိုင်ခဲ့တယ်
လှောင်ရယ်သံတွေကို…ခံစားတတ်အောင်လည်း..နင်သင်ပေးခဲ့သေးတယ်နော်..
အားရအောင်ရယ်ပါ…
နင်ရပ်ရင်………..ငါ့အလှည့်ပေါ့ ။ ။ ။
Comment #2
နင်ရပ်ရင်………..ငါ့အလှည့်ပေါ့
သူ့အလှည့် ကိုယ့်အလှည့် လို့ သတ်မှတ်နေသေးသရွေ့ မဆုံးနိုင်တဲ့ အလှည့် သံသရာက လွတ်မြောက်မှာမဟုတ်တော့ဘူး။။
By: LMSD at Mar 18, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
a me lay,,,,,,,,,,,
kyauk sa yar g