အဆင်မပြေမှု့များရယ်
မတူညီတဲ့ အသက်ရူသံတွေကြားမှာ
အမြဲ ငါမပြေမလည်ဖြစ်ရတယ်
ခိုးခိုးခစ်ခစ်ရယ်မောသံတွေနဲ့လည်း
ငါနေသားမကျခဲ့ဘူး
ရည်ရွယ်ချက် အပြည့်နဲ့စီထားတဲ့
စကားလုံးတွေကိုလည်း
ရည်ရွယ်ချက်မဲ့စွာ
ငါရယ်မောတတ်နေပြီ
ပြီးတော့..
ငါ မကြိုက်တဲ့ ကော်ဖီကို
ငါ သောက်တတ်နေပြီ
ငါ မကြိုက်တဲ့ သံစဉ်တွေကိုလည်း
ငါ ညှိယူတတ်အောင် ကြိုးစားနေပြီ…
တကယ်တော့လည်း
မပြေလည်မှု့တွေကို
ပြေလည်အောင် ညှိယူဖို့
ကြိုးစားရင်းအမြဲ ငါ
မပြေမလည် ဖြစ်ရပြန်တယ်…………..
မပြေမလည် ဖြစ်ရပြန်တယ်…………..
Comment #2
hote de naw,

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ငါ မကြိုက်တဲ့ ကော်ဖီကို
ငါ သောက်တတ်နေပြီ
ငါ မကြိုက်တဲ့ သံစဉ်တွေကိုလည်း
ငါ ညှိယူတတ်အောင် ကြိုးစားနေပြီ…
တကယ်တော့လည်း
မပြေလည်မှု့တွေကို
ပြေလည်အောင် ညှိယူဖို့
ကြိုးစားရင်းအမြဲ ငါ
မပြေမလည် ဖြစ်ရပြန်တယ်…