သူတို့ လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်းများ
ဂယောက်ဂယက်နဲ့ အသံတွေကြားလိုက်တယ်
အနောက်ဆီက ဒေါက်..ဒေါက်.. တံခါးခေါက်သံလည်း
ငါတို့နားတွေထဲ သံစဉ်တခုလို ကြားလိုက်တယ်
လူတစ်စုရဲ့ အားပေးသံတွေလည်း
ချိုမြိန်စွာ နားစဉ်နေတုန်း
ပေးဆပ်လိုက်တဲ့ ပိုင်နက်တခုက
အရှုံးတွေနဲ့ ဆုံးဖြတ်ချက်တွေပေးလို့
ဘုရင့်နောင်ရဲ့ ချွေးစက်တွေကိုမှ
အားမနာခဲ့ အခုတော့လည်း
သမိုင်းက အပေါင်းလက္ခဏာမရှိ
အနုတ်လက္ခဏာသာ ထင်ကျန်ခဲ့
မနေ့ကတော့ ဖြေရှင်းခဲ့တယ်
ရှိပါစေတော့ ရှိပါစေတော့တဲ့
ဘာ… ငါတို့ ……..
အိုကွာ… ငါတို့ တောက်ခတ်သံတွေ
မကြားသလို သုဿာန်ကြီးတခုလို
ငြိမ်သက်နေဆဲ ဘာလုပ်မှာလဲ
ဘာပြောမှာလဲ ဖြေရှင်းချက်က
ဘာတွေလဲ နားမထောင်ချင်တော့ဘူး
ငါတို့ ပါးစပ်တွေလည်း ပိတ်
နားတွေလည်း ပိတ်
မျက်လုံးတွေလည်း ကန်း
လှုပ်ရှားစရာ မရှိတဲ့ လက်အစုံတွေလည်း
သံလက်ကောက်နဲ့ ခြေအစုံမှာ သံခြေကျင်းတွေနဲ့
အမှားရဲ့ ရှေ့တော်မှောက် အမှန်တရားက
ခံစားခဲ့ရ အခုတော့လည်း ကားပြာကြီးရဲ့
အမိုးအောက်မှာ ခရီးသွားတယောက်လို
ဟိုပို့လိုက် ဒီပို့လိုက်နဲ့
အလုပ်တွေရှုပ်နေတဲ့ သူတို့တာဝန်တွေက
နောက်တော့လည်း မာန်ဖီးနေတဲ့
ဟိုအကောင်လို ဒေါသတွေနဲ့
ဟိန်းဟောက်လိုက်တာ ငရဲပြည်က
ယမမင်းတောင် ဟားတိုက်လို့
မကြာမှီ…. အိမ်ပြန်ရမည့် သူတို့အတွက်
တစက်ခြင်း ကျလာမည့် ရေတပေါက်ရယ်
အတိက်တစ္ဆေ အိပ်မက်လွင်ပြင်ရယ်
ဆိုးဝါးလွန်းတဲ့ အိပ်မက်ဆိုးတွေရယ်
အကြိမ်ကြိမ် အိပ်မပျော်အောင် နှိပ်စက်တဲ့
စရိုက်ဆိုးတွေက နည်းမျိုးစုံနဲ့
ပြေးလမ်းမရှိ ပြန်လမ်းမဲ့တဲ့
သူတို့ အဆိုး ကံတရာတွေက
သူတို့ အသိုင်းဝိုင်းကို စောင့်မျှော်နေပြီလေ…။
တက္ကသိုလ်မြတ်မင်း
Comment #1
ရှယ်ပဲ ကိုမြတ်မင်း