တချိန်က ‘ _ ‘ (မင်းကိုချစ်တဲ့သူ)
မျှော်လင့်ခြင်းတွေ တရေးအိပ်
ပျော်ရွင်ခြင်းတွေ ချိတ်ပိတ်လို့
ကြည်နူးခြင်း အတိတ်တွေ
တိတ်တဆိတ် ထွက်ခွာသွားတယ်…
ကလေးလို ဘေးဖယ်ထားလို့
အရေးမပေးခဲ့တဲ့ တချိန်က ‘ _ ‘
ကြံရာမရတဲ့ ကာရန်တွေနဲ့
ရန်ခုန်သံတွေကို ဘာသာပြန်ပါရစေ…
ရှုပ်ထွေးနေတဲ့ အိပ်မက်တွေကို
မရှင်းတော့ပဲ ထပ်ရှုပ်ခဲ့တယ်
ဘ၀ဆိုတာကလဲ အစဉ်မကျမှုတွေနဲ့
စီချယ်ထားတဲ့ ပန်ချီးကားချပ်လိုပါပဲ…
ခံစားချက်တစ်ခုအတွက် အသက်ရှင်
ပြဌာန်းချက်မရှိတဲ့ အနာဂါတ်တွေအတွက်
‘_’ ကိုချစ်တယ်ဆိုတာကတော့
မုသားမပါတဲ့ အဖြူရောင်အနာဂါတ်ပါပဲ…
ပါးချိုင့်လေးနဲ့ အပြုံးပိုင်ရှင်ရယ်
မထပ်တဲ့ အပြုံးတွေပေးလို့
နှုတ်ဖျားနဲ့ ပြောတဲ့ “ချစ်တယ်” ဆိုတာ
ကျနော့်အတွက် နားဝင်အချိုဆုံး ယုံတန်းစကားပါပဲ…
‘_’ စကားတွေနဲ့ ကျနော့်ကို
ပျော်သလောက် ကစားပါ
အပြုံးတချက် မပျက်အောင်ပေါ့
အပျင်းပြေရင်တော့ မခေါ်ပဲမနေပါနဲ့…
အမုန်းမရှိပေမယ့် အချစ်မရှိတော့ပါ
မျှော်လင့်ခြင်းတွေဆိတ်သုဉ်းလို့
မနက်ဖြန်များစွာကို စောင့်မျှော်ရင်း
ဒီနေ့မှာတော့ ဂျိုကာ ငိုနေသည်…
ဘုရားစူးပါ ဂျိုကာတကယ်ငိုနေပါသည်…
Comment #2
ကြိုက်တယ်ဗျ….နောက်ဆုံး2ပိုဒ်ကိုတော့ပိုကြိုက်တယ်ဗျ
Comment #4
read again & feel again.
so touching .
Comment #5
i also don’t want to cry anymore.
Comment #1
wow,,,,,,,,,so nice.
choice of words,,,thoughts,,,style all r nice,