မခွဲမခွာ
မခွဲမခွာ
မနက်မိုးသောက်၊အလင်းရောက်လို့
တေးသီသံကျုး၊ရွှင်မြုးတဲ့အခါ
မင်းနဲ့ပဲအတူဆိုချင်တယ်။
နေ့လည်နေ့ခင်းဝမ်းတွင်းရေးမို့
သီးနှံကိုက်ဖျက်သုံးဆောင်တဲ့ခါ
လူတွေရန်ပြု၊ငါမမှုဘဲ
မင်းတွက်အမြဲကာကွယ်ပေးချင်တယ်
တောင်ပံစုံဖွင့်၊ဝေဟင်မှာဝဲ
စိတ်ရှိတိုင်းခရီးနှင်တဲ့ခါ
မင်းဘေးနားအမြဲရှိချင်တယ်
ညနေညခင်း၊တောင်ပံသိမ်းလို့
အိပ်တန်းတတ်တဲ့အခါ
အချစ်ရေ…………………
စကားမပြောနဲ့
ရှုး……………တိုးတိုး။
လူတွေကြားသွားမယ်။
Comment #1
he,,he,,,
a yan mike de.
a yan chit phoe kaung de,