စိတ္တဇရဲ့ညပျက်
မမျှော်လင့်ပဲ ဒီအခန်းကျဉ်းထဲမှာ
ငါ့အငွေ့အသက်ကို ငါပြန်ရှုရှိုက်နေတာ
တ နေ နဲ့ တ လ ကြာသတဲ့။
အရေပြား အောက်ကသွေးကြောခုန်နေသလား?
ဘုရားသ္ခင်ဖန်ဆင်းထားတဲ့၊ နံဘောင်တွေကြားထဲက နှလုံးသားခုန်သံ၊
တချက်ချက်မြည်နေသံကိုစည်းချက်လိုက်လို့ ၊
နတ်သားအပေါင်းနဲ့ကခုန်ရင်းဒိအခန်းထဲ ၊
တ နေ တ လ ကြာပြန်ရော။
ဦးနှောက်တွေရှင်သန်လည်ပတ်ဖို့
ကုထုံးဆေးတွေတိုက်နေကြတာလဲ ၊ တ နေ တ လကြာနေပီတဲ့။
အရူးလို့လူတချို့ရဲ့ ရေရွတ်သံတွေကို၊ ငါဥပက္ခာပြု လိုက်တာလဲ
တ နေ တ လ ကြာပါပီကော။
စိတ္တဇ လို့ ငါကင်မွန်းပြ န်တပ်ရင်း ၊
ငါ့ရောဂါကိုငါ့ဖာသာပြန်ကုစားရင်း ၊
ဒီညပျက်ပေါင်းများစွာကို ငါဆေးတိုက်ရင်း၊
သံစဉ်မပီရွတ်ဆိုတဲ့ ကဗျာတပုဒ်ထဲ၊ တိုးတိုးလေးထည့်လိုက်တယ်.
ငါလိုနေတာ ဆေး မဟုတ်ဘူး………..
ငါ့ကိုနားလည်မှု့နဲ့ ကြင်နာပါ… ငါလိုနေတဲ့နွေးထွေးမှု့ လဲပျောက်ဆုံးနေတာ
တ နေ တ လကြာပြန်ပေါ့။။။။။။။။။။။။
Comment #2
thanks Ei Lay
Comment #4
ငါလိုနေတာ ဆေး မဟုတ်ဘူး…
ငါ့ကိုနားလည်မှု့နဲ့ ကြင်နာပါ…
… အမှန်ပါပဲ မေခရေ။
… အတွေးရော အရေးပါ ကောင်းတယ်ဗျာ
Comment #5
အားပေးဖတ်ရှုတဲ့ကိုကန့်မောင်ရယ်…….ရဲဝင့်အောင်ရယ်…
ဝင်ေ၇ာက်ဖတ်ရှုတဲ့မောင်နှမတွေကိုရင်ထဲကကျေးဇူးတင်လိုက်တာ……..
Comment #6
စိတ္တဇရဲ့ညပျက်
စိတ္တဇရဲ့ညပျက်
စိတ္တဇရဲ့ညပျက်
စိတ္တဇကိုလည်း တွေ့တယ်
ညပျက်ကိုလည်း တုန်လှုပ်ခြောက်ခြားစွာ
ခံစားလိုက်ရတယ်
ဒီကဗျာက တကယ်ကို ကောင်းတယ်နော်
ချစ်ခင်လျှက် . . .
ကိုသျှား
Comment #7
ငါလိုနေတာ ဆေး မဟုတ်ဘူး………..
ငါ့ကိုနားလည်မှု့နဲ့ ကြင်နာပါ… ငါလိုနေတဲ့နွေးထွေးမှု့ လဲပျောက်ဆုံးနေတာ
တ နေ တ လကြာပြန်ပေါ့။။။။။။။။။။။။
Comment #9
ကျေးဇူးတင်ပါတယ်….
Comment #1
right,,,
100% right.
i agree with u